ပါဝင်ပစ္စည်းများ
- ဝက်ပေါင်သား.................၁၅ကျပ်သား
- ဂျပန်တိုဟူး......................၂ခု
- ရှီတာကီမှိုမည်းသေး..........၅ခု
- မုန်လာဥနီ.......................၁လုံး
- တရုတ်နံနံ+ကြက်သွန်မြိတ်.အနည်းငယ်
ချက်ပြုတ်နည်း
1. ပထမဆုံးဝက်ရိုးကိုချင်းတစ်တက်ရိုက်ပြားထည့်ပြီးဟင်းရည်ကြည်ရအောင်ပြုတ်ပါ။
2. ဝက်သားကိုနုပ်နုပ်စဉ်းပြီးဆား၊ဟင်းခတ်မှုန့်၊ငရုတ်ကောင်း၊ပြောင်းမှုန့်အနည်းငယ်ထည့်ကာစေးနေအောင် နယ်ပါ။
3. ရေစိမ်ထားတဲ့ရှီတာကီမှိုမည်းကိုရိုးတံဖြတ်ချပြီးဆူနေသောရေမှာ(၅)မိနစ်ခန့်ပြုတ်ပေးပါ။
4. မုန်လာဥနီကိုပန်းပွင့်ပုံဖော်ပြီးပါးပါးလှီးပါ။
5. ဝက်ရိုးပြုတ်ရေကိုအပူပြန်ပေးပါ။ ရှီတာကီမှိုမည်းတွေထည့်ပြုတ်ပါ။
6. အရသာနယ်ထားသောအသားကိုအလုံးငယ်ပုံစံလေးတွေလုံးထည့်ပြီးထည့်ပေးပါ။
7. မုန်လာဥနီထည့်ပါ။
8. သီးရွက်စုံငံပြာရည်၊အရသာမှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။
9. အသားလုံးတွေကျက်ပြီဆိုမှဂျပန်တိုဟူးကိုအလယ်မှဖြတ်လှီးပြီး(၈)စိတ်ခန့်လှီးထည့်ပါ။
10. လက်တဆစ်ခန့်လှီးထားသောကြက်သွန်မြိတ်နှင့်တရုတ်နံနံလေးထည့်ပါ။
11. စားခါနီးမွ
အကြွပ်ကြော်ထားသောကြက်သွန်ဖြူ ကြော်လေးဖြူးပေးပါ(လက်ဖက်နှင့်စားသော ကြက်သွန်ဖြူ
ကြော်မဟုတ်ပါ။မိမိကိုယ်တိုင်ကြော်ထားသောကြက်သွန်ဖြူ မွမွကြော်လေးဖြစ်ပါတယ်)
ဒီဟင်းရည်ချက်ရာတွင်ဟင်းရည်မနောက်စေရန်နှင့်ကြေမသွားစေရန်အတွက် မီးရှိန်မပြင်းစေပဲတစ်ပွက်ဆူ အနေအထားအပူချိန်ကိုရွေးချယ်ပေးဖို့အထူးလိုအပ်ပါတယ်။
No comments:
Post a Comment