ငါးနုသန်း အချဉ်ချက်


ပါ၀င်ပစ္စည်းများ

  • ငါးနုသန်း - 500 g
  • ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်း
  • မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နံနံပင် - နှစ်သက်သလောက်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

 ချက်ပြုတ်ပြင်ဆင်နည်း

1. ငါးအရသာနယ်ရန်သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးနုသန်းကို ဇလုံကျယ်ကျယ်ထဲထဲ့ပါ၊
ဆားလက်ဖက်ရည်ဇွန်း တစ်၀က်သာသာနှင့် ငံပြာရည် ထမင်းစားဇွန်း တဇွန်းတို့ထဲ့ပါ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံနှင့် အရသာမှုန့် တို့ထဲ့ပါအားလုံးထဲ့ပြီးပါက အရသာ၀င်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ။
2. ဟင်းချက်ရန်အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ၊ ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ။
3. ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသား မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ။
4. ငါးအသားမာတာနဲ့ရေမြုပ်အောင်ထဲ့ ငံပြာရည် ထမင်းစားဇွန်း တဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီးတည်ပေးပါ။
5. ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ကိုထဲ့ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ။
6. ငါးအသားက နုလွန်းတဲ့အတွက် မွှေစရာမလိုဘဲ အိုးမကပ်အောင် အိုးကိုအသာလေး လှုပ်ပေးပါ။
7. ဆီကျန်ရေကျန် အနေတော်လေးဖြစ်လာပါက အရသာမြည်းပြီး နံနံပင်အုပ်ကာ အိုးအဖုံးအုပ်၍ မီးပိတ်ပေးပါ။
8. နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးနုသန်းအချဉ်ချက် ဟင်းလေးရပါပြီ။


No comments:

Post a Comment

@templatesyard