ပဲပုတ်ပန်ထွေဖျော်


ပါဝင်ပစ္စည်း

  • ရှမ်းပဲပုတ်အပါး.............၃ချပ်
  • ခရမ်းချဉ်သီးမှည့်............၃လုံး
  • ကြက်သွန်နီ...................၁လုံး
  • ကြက်သွန်ဖြူ....................၅တက်
  • ငရုတ်သီးခြောက်တောင့်.....၅တောင့်
  • ငရုတ်သီးစိမ်း....................၁၀တောင့်
  • နံနံပင်.............................၅ပင်

ပြုလုပ်နည်း

1. ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ ငရုတ်ခြောက်တောင့်တွေကိုမွှေးနေအောင်လှော်ပါ။

2. ခရမ်းချဉ်သီးကို မီးအေးအေးနဲ့ နူးအိ(ပျော့)အောင်ကင်ပေးပါ။

3. ရှမ်းပဲပုတ်ကိုမတူးစေပဲမွှေးနေအောင်မီးကင်ပါ။

4. လှော်ထားတဲ့အရော(၃)မျိုးကိုညှက်စေးနေအောင်ထောင်းပါ၊ညှက်စေးလာလျှင်မီးကင်ထားတဲ့ပဲပုတ်ပြား တွေထည့်ထောင်းပါ။

5. ညှက်သွားလျှင်မီးဖုတ်ထားတဲ့ခရမ်းချဉ်သီးကိုအရေခွံတွေခွာပြီးဖိချေထောင်းပါ။

6. ဆား၊ဟင်းခတ်မှုန့်လေးဖြင့်အရသာဖြည့်စွက်ပါ။

7. ပါးပါးလှီးထားတဲ့ကြက်သွန်နီနှင့်နံနံပင်လေးထည့်ပြီးသမသွားအောင်ရောမွှေပေးပါ။




No comments:

Post a Comment

@templatesyard