သီးစုံရခိုင်လှော်ဟင်း


ပါဝင်ပစ္စည်း

  • ရုံးပတီသီး...............၅တောင့်
  • ပဲတောင့်ရှည်............၁စည်း
  • ခရမ်းသီးအရှည်........၁လုံး
  • ငရုတ်သီးစိမ်း.. ........၁၀တောင့်
  • ငါးပိ.......................အနည်းငယ်
  • ရွှေပုစွန်ခြောက်........ဇွန်းဝက်ခန့်


ချက်ပြုတ်နည်း

1. ငရုတ်သီးစိမ်း ကိုအညှာခြွေပြီးရေအနည်းငယ်လေးဖြင့်နှုးအိအောင်ပြုတ်ထားပါ။

3. ရုံးပတီသီး ၊ ပဲတောင့်ရှည် ၊ ခရမ်းသီးတောင့်ရှည်ကိုရေဆေးပြီးမှတစ်လက်မခန့်အရွယ်လှီးဖြတ်ပါ။

4. ပြုတ်ထားတဲ့ငရုတ်သီးနှုးအိလျှင်ညှက်အောင်ထောင်းပါ။

5. အိုးတစ်လုံးအတွင်းမှာလှီးဖြတ်ထားသောအသီးများ၊ငရုတ်သီးထောင်း၊ရွှေပုစွန်ခြောက်၊ငါးပိနှင့်ဟင်းခတ်မှုန့် အနည်းငယ်တို့ကိုထည့်ပါ။

6. အဖုံးအုပ်ပြီးမီးရှိန်အေးအေးမှာအပူပေးပါ။အငွေ့ကြောင့်အသီးတွေစိမ်းရောင်ပြောင်းလျှင်အဖုံးဖွင့်ပြီး ညှင်သာစွာမွှေပေးပါ။

7. ခပ်ရှိန်းရှိန်းလေးနှစ်သက်လျှင်ထောင်းထားတဲ့ငရုတ်ကောင်းစေ့လေးအနည်းငယ်ထည့်မွှေပေးပါ။

8. မိမိနှစ်သက်တဲ့အရသာရလျှင်ပန်းကန်ထဲပြောင်းထည့့်ပြီးသုံးဆောင်နိူင်ပါပြီ။


No comments:

Post a Comment

@templatesyard