ပါဝင်ပစ္စည်း
- ကြက်ရင်ပုံသား.............. ၁၅ကျပ်သား
- ကြာရိုး...........................၁စည်း
- ကြက်သွန်ဖြူ.................... ၅တက်
- ငရုတ်သီးစိမ်း နီ................၇တောင့်
ကြော်ချက်နည်း
1. ကြက်ရင်ပုံသားကိုခပ်ကြမ်းကြမ်းလေးနုပ်နုပ်စဉ်းပြီးအရသာနယ်ထားပါ။
2. ကြာရိုးကိုပင်စည်ရဲ့အမျှင်တွေဖယ်ရှားပြီးလက်တဆစ်ခန့်အရွယ်လှီးကာဆားပါသောရေထဲမှာ(၅)မိနစ်ခန့် စိမ်ထားပါ။
3. ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းနီကိုရောပြီးခပ်ညှက်ညှက်ထောင်းပါ။
4. ဒယ်အိုးတစ်လုံးကိုဆီအနည်းငယ်ဖြင့်အပူပေးပါ။
5. ဆီပူလာလျှင်ထောင်းထားတဲ့ငရုတ်သီးအရောကိုထည့်ဆီသတ်ပါ။
6. မွှေးလာလျှင်ကြက်သားတွေထည့်ကြော်ပါ။
7. ငါးငံပြာရည်၊ခရုဆီ၊သကြား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်တို့ဖြင့်အရသာညီမျှအောင်ဖြည့်စွက်ပါ။
8. မီးရှိန်ကိုမြှင့်တင်ပြီးရေစိမ်ထားသောကြာရိုးလေးတွေကိုရေစစ်ပြီးထည့်ပါ။
9. အဖုံးခေတ္တအုပ်ထားပါ။အဖုံးပြန်ဖွင့်ပြီး(၃)မိခန့်ထပ်ကြော်ပေးပါ။
10. နှစ်သက်ပါကပင်စိမ်းရွက်လေးအုပ်လိုကအုပ်နိူင်ပါသည်။
No comments:
Post a Comment