လက်ဖက်ရည်အမြန်နှပ်ဖျော်နည်း


အချိန်မရတဲ့သူတွေအတွက် ဖျော်တဲ့နည်းလေးပါ။ အခုနည်းမှာတော့ လက်ဖက်ခြောက် ပိုကုန်ပါတယ်။ ဖျော်နည်းကတော့ သိပ်မကွာပါဘူး။ လက်ဖက်ခြောက်များများရှိနေရင် ဒီနည်းလေးနဲ့ဖျော်ရင် အချိန်ကုန် သက်သာပါတယ်။ လက်ဖက်အချိုခြောက်ကိုတော့ ဦးကာကကထုတ်တဲ့ လက်ဖက်အချိုခြောက်ကို သုံးထား ပါတယ်။ အထုပ်၂ မျိုးလာပါတယ်။ တမျိုးကတော့ ဦးကာက တံဆိပ်နဲ့ပါ။နောက်တမျိုးကတော့ စိန် တံဆိပ် နဲ့ပါ။ ဧည့်သည်လာခါနီး မြန်မြန်လဲဖျော်လို့ရတဲ့နည်းလေးပါ။


ပါဝင်ပစ္စည်းများ (၃ ခွက်စာ)

  • ဦးကာက (စိန်) လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ - ၁ လီတာ
  • နို့စိမ်း - ထမင်းစားဇွန်း ၄ ဇွန်း
  • နို့ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
  • ဆား - အနည်းငယ် 
(ထမင်းစားဇွန်း = ၁၅ ml = လက်ဖက်ရည်ဇွန်း ၃ ဇွန်း)

ပြုလုပ်နည်း

၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက်ကိုဆား၊ ရေ တလီတာဖြင့် မီးဖိုပေါ်မှာ မီးပြင်းပြင်းဖြင့်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်ခန့်ဆက်တည်ပါ။ ထို့နောက် မီးဖိုပေါ်မှချပြီးရေစစ်ဖြင့်စစ်ပါ။
၂။ အဖန်ရည်ထဲကို နို့စိမ်း၊ နို့ဆီတို့ထည့်၍ သမအောင်မွှေပြီး သောက်သုံးနိုင်ပါပြီ။


No comments:

Post a Comment

@templatesyard