ခရမ်းကြွတ်သီးတောချက်


ပါ၀င်ပစ္စည်းများ

  • ခရမ်းကြွတ်သီး - အလုံးနှစ်ဆယ်ခန့်
  • ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  • ပုဇွန် - ဆယ်ကောင်ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း


ချက်ပြုတ်ပြင်ဆင်ပုံ

1. ခရမ်းသီးကို အညှာ ပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ၊ အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ။
2. ကြက်သွန်ဖြူ ကြက်သွန်နီနှင့့်တို့ကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးပါ။
3. ပုဇွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး အစာအိတ်နှင့် အစာလမ်းကြောင်းကို ဖယ်ပေးပါ။
4. ဇောက်နက်သော အိုးတစ်လုံးထဲမှာခရမ်းသီး နနွင်းမှုန့် ဆား ဆီ အရသာမှုန့်နှင့် ပုဇွန်တို့ကို ရောနယ်ပေးထားပါ။
5. အိုးထဲမှာ အရသာ နယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ။             6. အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
7. အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ၊
8. ခရမ်းသီးနူးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးပါ။
9. အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ ပုဇွန်ခရမ်းသီးတောချက် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard