ခရုဆန်လှော်ပဲငပိချက်


အခုချက်ထားတဲ့နည်းကအစပ်အရသာမွှေးမွှေးကြိုက်သူတွေအတွက်ပေါ့၊ ဋရင်ကောက်ရှိရင်... ရောချက် လည်းသိပ်စားကောင်းပါတယ်ခရုချက်ဆိုရင်...ရေကျဲချက်ထက်ဆန်လှော်မွှေးမွှေးထည့်ပြီး ခရုတစ်ကောင်စား လိုက်တိုင်းအနှစ်အရသာပြည့်စုံ တာမျိူးကိုပိုသဘောကျပါတယ်။

ပါ၀င်ပစ္စည်း

  • ခရု......နို့ဆီဘူးနဲ့သုံးဘူး
  • စပါးလင်....၁ချောင်း(ထုပြီးချည်ထား)
  • ကြက်သွန်နီ....၂လုံး(နုပ်နုပ်စင်း)
  • ကြက်သွန်ဖြူ....၆မွှာခန့်(နုပ်နုပ်စင်း)
  • ခရမ်းချဉ်သီး.....၂လုံး(နုပ်နုပ်စင်း)
  • ငရုတ်သီးစိမ်း....ငါးတောင့်ခန့်(ထုပြား)
  • ဂျင်း.....လက်တစ်ဆစ်ခန့်(ပါးပါးလှီး)
  • ပဲငပိအငံ.....table spoon ၁ဇွန်း
  • ငရုတ်ချဉ်.....table spoon ၁ဇွန်း
  • ဆန်လှော်မှုန့်....table spoon၃ဇွန်းခန့်
  • ရှမ်းနံနံ....တစ်စည်း
  • ဆီ.....အနည်းငယ်
  • ဆား....အနည်းငယ်
  • ငရုတ်ကောင်း...အနည်းငယ်

ချက်ပြုတ်နည်း

1. ဦးဆုံး..ခရုချက်မယ်ဆိုရင်....ခရုတွေကို၁၅မိနှစ်ခန့် ရေစိမ်ထားပါ၊ထို့နောက်ခပ်ကြမ်းကြမ်းပွတ်ဆေးပေးပါ။ရေကြည်ပြီးရွံ့၊သဲပြောင်တဲ့ဆေးပါ။

2. ကြက်သွန်နီဆီသတ်ပါမယ်။ကြက်သွန်ဖြူထည့်ပြီးမွှေးလာတဲ့အထိဆီသတ်ပါ။ထ်ို့နောက်..ခရမ်းချဉ်၊ငရုတ်စိမ်း၊ပဲငပိ၊ငရုတ်ချဉ်၊စပါးလင်ထည့်ပါ။ပဲငပိနှင့်ငရုတ်ချဉ်ကအငံဓာတ်ပါတာမို့...ဆားလျော့ထည့်ပါ။ငရုတ်သီးပိုကြိုက်ရင်ပိုထည့်နိုင်ပါတယ်။  

3. ခရုထည့်ပြီးချက်ပါ။အနံ့ အတော်မွှေးလာရင်ဆန်မှုန့်ရေကိုခရုမြုတ်တဲ့အထိထည့်ပြီးအဖုံးမအုပ်ဘဲ၂၀မိနှစ် ခန့် တည်ထားပေးပါ။ဆန်မှုန့်ပွလာရင်အပေါ့အငံမြည်းကြည့်ပြီးရှမ်းနံနံအုပ်ငရုတ်ကောင်းဖြူးပေးလိုက် ရင်ရပါပြီ။


No comments:

Post a Comment

@templatesyard