ငါးပေါင်း


ပါ၀င်ပစ္စည်းများ

  • က ကတစ်ငါး တကောင် - 500 g
  • သံပုရာသီး - နှစ်လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ဉအသေး ၅လုံး (ငါးအိုးထဲထည့်ရန်)
  • ကြက်သွန်နီ - အနေတော် တလုံး
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ချင်း - လက်တဆစ်ခန့်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • စပါးလင်အရွက် - လက်တဆုတ်စာသာသာ


ချက်ပြုတ်ပြင်ဆင်ပုံ

1. ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ။
2. ရေဆေးထားတဲ့ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာရည်တို့ညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ် နယ်ပေးပါ။
3. ငါးပေါင်းမည့်အိုး အတွင်းအောက်ခြေမှာ စပါးလင်ကိုခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
ရေကို ငါးအပေါ်မြုပ်အောင်ထည့်ပြီး pressure cooker ကို အဖုံးအုပ်ကာ အရင်ဆုံး မိနစ်၂၀လောက် ပေါင်းပေးပါ။
4. ငါးပေါင်းချိန် မိနစ်၂၀ပြည့်တာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
အိုးထဲမှာ ငါးပြုပ်ရည် ခမ်းပါက ရေထပ်ထပ်ထည့်ပြီး မိနစ်၂၀ ထပ်တည်ပေးပါ။
5. မိနစ်၂၀ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင်ထုတ်ပြီး အိုးအဖုံးကိုဖွင့်ကာ ရေမြုပ်အောင် ထပ်ထည့်ပေးပါ၊ငါးအရိုးနူးအောင် တည်ပေးပါ၊ငါးအရိုး နူးလာတာနဲ့ စပါးလင်ဖတ်များ ဖယ်ပေးထားပါ။
6. ငရုတ်သီးဆီသတ်ရန်ကြက်သွန်နီတလုံး ချင်း ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ကို ညက်အောင်ထောင်းပေး ပါ၊ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာပါက ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ။
7. ကြက်သွန်များ နွမ်းလာပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ၊ပြီးတာနဲ့ ငါးပေါင်းထားတဲ့ အိုးထဲကို လောင်းထည့်ပေးပါ။
8. ခရမ်းချဉ်သီးကို ရေဆေးပြီး လေးစိတ်စိတ်ပေးထားပါ၊ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးထားပါ။
9. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်သီးဆီသတ် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီတို့ကို ငါးပေါင်းအိုးထဲ ထည့်ပေးကာ simmer နှင့် ၅မိနစ်လောက် ချက်ပေးပါရေအနေတော်လောက် ရပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာက ကတစ်ငါးပေါင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။  ။ pressure cooker နှင့် ဟင်းချက်တိုင်း အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။လေမကုန်ဘဲ ဖွင့်ပါက လေဖိအားကြောင့် အိုးအဖုံးဖွင့်စဉ် ပေါက်ကွဲတတ်ပါသည်။


No comments:

Post a Comment

@templatesyard