ကြက်ဥငါးဆုပ်ပူစီနံ


ပါ၀င်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး အလုံးကွီး (ကြက်ဥကိုခလောက်ထားပါ)
  • ချင်း လက်တဆစ်ခွဲ
  • ကြက်သွန်ဖြူ ၄ တက် (အခြံခြာထားပါ)
  • ကြက်သွန်နီ ၃ လုံး (လေးခြမ်းခြမ်းထားပါထားပါ)
  • ငရုတ်သီးမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း
  • ပူဆီနံ (သို့)နံနံပင် ၁ စီး (အရွက်များ ချွေထားပါ)
  • ဆား ၁ ဇွန်း လက်ဖက်ဇွန်း
  • သကြား အနည်းငယ်
  • ပုစွန်ခြောက်မှုန့် ဇွန်း ၂ လက်ဖက် ဇွန်း
  • ပုစွန်ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း
  • ဆီ လိုသလောက် (ကြက်ဥ ကြော်ရန်)

ပြုလုပ်နည်း

၁။ ပစ္စည်းတွေ အားလုံးကို ကြိတ်စက်ထဲသို့ အကုန်ထည့်ပြီးကြိတ်ပါ။
၂။ မကပ်သော ဒယ်အိုး ထဲသို့ ဆီ ထဲ့ ပြီးတည်ပါ။
၃။ ဆီ ပူလာ လျှင် ကြက်ဥ ကိုအျပား ကြီးလိုချင်လျှင် ဆီအိုး ထဲသို့ အကုန်ထဲ့ ကြော်ပါ။ အချပ် ခတ်သေးသေးလေး တွေ ကကြော်ရတာ လဲအဆင် ပြေသလို ပန်းကန်ပြင်ရတာလဲ လွယ်ကူပါတယ်။
၄။ ကြွပ်ရွ ပြီး ရွှေရောင် တောက်လာ လျှင် ချက်ချင်း ဆီပူ ထဲက ဆယ်ပြီး ဆီစစ်ပါ။
၅။ အချပ်ကြီး ဆိုရင် ကတ်ကျေး နဲ့ ခတ်သေးသေး လေး တွေနှပ်ပြီး အချဉ်ရည် နဲ့ တို့စားလို့ရ ပါတယ်။
မှတ်ချက် - ပူပူလေး ကြွပ်ကြွပ်ရွရွ လေး စားလျှင်ပိုကောင်းပါတယ်။ ရှလာကာရည်-ပဲငံပြာရည် အချဉ်လုပ် ထားတာနဲ့စားလျှင်လိုက်ဖက်သလို၊ ပေါင်မုန့် ထဲလဲ ညှပ်စားလို့ရသော ကြက်ဥငဆုပ်ကြော်ပါ။ ပူဆီနံ အစား နံနံပင် ကိုအစား ထိုးလို့ရပါတယ်။


No comments:

Post a Comment

@templatesyard