ပါဝင်ပစ္စည်း
- ရွှေပဲသီး...................၁၅ကျပ်သား
- ပုစွန်ခွာပြီး.................၁၀ကျပ်သား
- ကြက်သွန်ဖြူ............... ၃တက်ခန့်
- ကြက်သွန်မြိတ်ဥ...........၅လုံး
ချက်ပြုတ်နည်း
1. ရွှေပဲသီးတွေကိုရေဆေးသန့်စင်ပြီးထိပ်၊အောက်အညှာဖြတ်ထားပါ၊အလှဆင်လိုသူတွေကတော့ပဲသီးရဲ့ ဟိုဖက်၊ဒီဖက်ထိပ်ကိုတြိဂံပုံလေးလှီးထုတ်ပစ်လိုက်ပါ။
2. ပုစွန်အကောင်သေးလေးတွေကိုလဲရေဆေး၊အခွံခွာပြီးအရသာနယ်ထားပါ။
3. ကြက်သွန်ဖြူ ကိုဓားပြားရိုက်ထားပြီးကြက်သွန်မြိတ်ဥလေးတွေကိုအပေါ်ခွံလေးချွတ်ခွာထားပါ။
4. ကြက်သွန်မြိန်ဥမပါလဲရပါတယ်။ပိုလျှံနေလို့အရသာပိုချိုအောင်ထည့်လိုက်ခြင်းဖြစ်ပါတယ်။
5. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပါ။
6. ဆီပူလာလျှင်ဓားပြားရိုက်ထားတဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ။ချက်ချင်းဆိုသလိုပုစွန်တွေထည့်ပါ
(ကြက်သွန်ဖြူ တွေကျွမ်းသွားတဲ့အခါဟင်းပွဲမလှတော့ပါ)
7. ကြက်သွန်မြိတ်ဥလေးတွေလဲထည့်ကြော်ပါ။
8. ပုစွန်ကျက်စပြုပြီဆိုတာနှင့်ရွှေပဲသီးတွေထည့်ပါ။
9. ဆား၊သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီတို့ဖြင့်အရသာဖြည့်စွက်ပါ။
10. မီးဖိုပေါ်ကချခါနီးမှာ ငရုတ်ကောင်းမှုန့်လေးဖြူ းပေးပါ။
11. စတင်ကြော်ချိန်မှသည်(၅)မိနစ်ထက်ကျော်လွန်ပြီးမချက်ပြုတ်သင့်ပါ။
No comments:
Post a Comment