၀က်ကလီစာကော်ရည်ဆမ်းအစိမ်းကြော်


ဟင်းအမယ် စုံအောင်ချက်ဖို့ အချိန်မရတဲ့ အခါမျိုးမှာ အခုလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့မြိန်အောင် ချက်နိူင်တဲ့အတွက် ဒီနေ့တော့ ၀က်ကလီစာလေးတွေနဲ့ အစိမ်းကြော်လေး ကြော်ဖြစ်လို့ ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်။


ပါ၀င်ပစ္စည်းများ

  • ဝက်ကလီစာ - 250 g ( နှစ်သက်ရာ အသားသုံးနိုင်ပါတယ်)
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  • ဘရော့ကိုလီ - ၃ခက်ခန့်
  • မုံလာဥနီ - အနည်းငယ်
  • ခရမ်းချဉ်သီး - အနေတော်တစ်လုံး
  • ပန်းဂေါ်ဖီ - ၄ခက်ခန့်
  • ကြက်သွန်မြိတ် - ၂ပင်
  • ချင်း - လက်မ၀က်ခန့်
  • ရွှေပဲသီး - ၅တောင့်
  • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  • ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - အနည်းငယ်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်


ကော်ရည်ဖျော်ရန်

  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တစ်၀က်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ရေ - လက်ဖက်ရည်အကြမ်းပန်ကန်လုံး ၂လုံးစာ (အားလုံးကို ပျော်သွားအောင် ဖျော်ထားပါ)


ချက်ပြုတ်နည်း

1. ဝက်ကလီစာများကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ။
2. ရေမြုပ်အောင်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ။
3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ။
4. ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး လးစိတ်လှီးထားပါ။
5. ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ။
6. ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက် ခပ်ကြမ်းကြမ်း ထူထူလေးတွေ လှီးထားပေးပါ။
7. ပန်းဂေါ်ဖီ ဘရော့ကိုလီ မုံလာဥနီတို့ကို ရေဆေးပြီး မိမိတို့ နှစ်သက်သလို လှီးပေးထားပါ။
8. ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင်လှီးပေးပါ။
9. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးပေးပါ။

(ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ)

10. ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပေးပါ။ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ။
11. ကြက်သွန်ဖြူ မွှေးလာတာနဲ့ လှီးထားသော ပန်းဂေါ်ဖီ ဘရော့ကိုလီ ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီ စသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ ခရမ်းချဉ်သီးကိုလဲ သတ်သတ် ထည့်ပြီးကြော်ကာ ဆယ်ထားပါ။
12. ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ၊ အနည်းငယ် မွှေးလာ တာနဲ့ ပြုပ်ပြီးလှီးထားသော ဝက်ကလီစာများကို ထည့်ကြော်ပေးပါ။
13. ၀က်ကလီစာများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ပါဝင်သော ဆား သကြား ပဲငံပြာရည် အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်ကြော်များ ထည့်မွှေပေးပါ။
14. အားလုံးသမသွားပြီဆိုတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပေးကာ ကော်ရည်ပျစ်အောင် မွှေပေးပါပြီးတာနဲ့ ကြက်သွန်မိတ်နှင့် ရွှေပဲသီးကိုထည့်ကာ မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာဖြူးပေးပြီး ပူပူလေး သုံးဆောင်နိူင်ပါပြီ။


No comments:

Post a Comment

@templatesyard