ပါဝင်ပစ္စည်း
- ခေါက်ဆွဲခြောက်၁စည်း( သို့) အစို.............၄၀ သား
- မိမိနှစ်သက်ရာအသား...အနည်းငယ်
- ပုစွန်၊ ကင်းမွန်ရောရာ...၂၀ကျပ်သားခန့်
- ကြက်ဥ .......................၃ လုံး
- ဘိုစားပဲ......................၁၀ ကျပ်သား
- ဥနီ.............................၁၅ကျပ်သား
- ဂေါ်ဖီ........................၂၅ ကျပ်သား
- ပန်းပွင့်.......................၁၅ ကျပ်သား
- ကြက်သွန်မြိတ်...........၃ပင်
- တရုတ်နံနံ...................၃ ပင်
- ကြက်သွန်နီ................၁ လုံး (ပါးပါးလှီး)
- ကြက်သွန်ဖြူ...........၅ တက်( နုပ်နုပ်စင်း)
- ABCပဲငံပြာရည်အကြည်
- ABCပဲငံပြာရည်အပျစ်
- ခရုဆီ
ကြော်နည်း
1. ပထမဆုံးခေါက်ဆွဲနဲ့ရောကြော်မဲ့အသီးအရွက်တွေကိုအမျှင်ခပ်ကြီးကြီးပုစံရအာင်လှီးဖြတ်ထားပါ။
2. ခေါက်ဆွဲ ကို ရေနွေးဆူဆူမှာပြုတ်ပြီးရေအေးလောင်းအအေးခံထားပါ။
3. ဒယ်အိုးတစ်လုံးမှာခေါက်ထားတဲ့ကြက်ဥတွေကို ထည့်မွှေကြော်ပါ။
4. ချက်ချင်းဆိုသလိုအသားအနည်း ငယ်ထည့်ကြော်ပြီး ကြက်သွန်နီ၊ ဖြူတွေကိုလည်းထည့်မွှေပါ။
5. ပင်လယ်စာတွေထည့်ကြော်ပါ။
6. ထို့နောက်အသီးအရွက်တွေထည့်ပြီးပါ၀င်သောအရသာများဖြင့်ဖြည့်စွက်ပြီး၂ မိနစ်ခန့် အဖုံးအုပ်ထားပါ။
7. အသီးအရွက်တွေနှူးအိပြီဆိုလျှင်ပြုတ်ပြီးရေစစ်ထားတဲ့ခေါက်ဆွဲတွေထပ်ပေါင်းကာ မီးပြင်းပြင်းနှင့်၃ မိနစ်ခန့် ဆက်ကြော်ပေးပါ။
8. နောက်ဆုံးကြက်သွန်မြိတ်၊ တရုတ်နံနံတွေဖြူးထည့်ပြီးငရုတ်ကောင်းမှုန့်နှင့်တရုတ်မဆာလေးဖြူးပေးပါ။
No comments:
Post a Comment