အီကြာကွေးလုပ်နည်း


ပါဝင်ပစ္စည်း (ပုံပါ၁၅ချောင်းစာ)

  • ဂျုံ - ၅၀၀ ဂရမ်
  • ရေ သို့ နွားနို့ - ၃၅၀ ml
  • ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
  • သကြား - ၃ ဇွန်း စားပွဲဇွန်း
  • ဆီ - ၂ဇွန်း စားပွဲဇွန်း
  • Yeast - လ္ဘက်ဇွန်းတဝက်
  • Baking powder - လ္ဘက်ဇွန်းတဇွန်း
  • ကြက်ဥ - တစ်လုံး

ပြင်ဆင်ပြုလုပ်ပုံ

1.ခွက်တခုတွင်နွားနို့ကိုခပ်နွေးနွေးအပူပေးပြီးyeastထည့်ကာဖျော်ထားပါ။ ဇလုံတခုတွင်ပါဝင်ဂျုံ၊ ဆား၊သကြား ကြက်ဥ၊ ဆီ၊ Backing Powder တို့ကိုထည့်ပြီးသမအောင်မွေပေးပါ၊နို့နွေးနွေးနှင့် Yeast ရောစပ်ထားသည်ကို ထည့် ပြီးသမအောင်မွေပေးပါ။ ဂျုံသားများဟာအလွန်ပျော့နေရပါ့မယ်၊ ဤအဆင့်တွင်ပလပ်စတစ်ဖြင့်အုပ်ပြီး ရေခဲသေတ္တာတွင်တညနှပ်ထားပြီးကျန်အဆင့်များကိုမနက်ကြော်ခါနည်းအချိန်မှသာဆက်လုပ်နိုင်သည်။2.ပြီးလျှင်ဂျုံသားအားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။3.ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျုံဖြူးပြီးလေးထောင့်အနေ ခေါက်ကာရေစိုဖန့်ဖန့်အဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။4.လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျုံမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိဆွဲဖြန့်ပေးပါ။အထူးအပါးညီအောင်ဖြန့်ပါ။လိုအပ်ပါက၁၀မိနစ်ခန့်ပြန်ပွအောင်ထားပါ၊ 5.အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။6.ဆီပူပါကဖြန့်ထားသောဂျုံကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျုံကိုအလယ်မှထပ်ပိုင်းပိုင်းကာ တစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျုံသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင် သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။7.ဆီပူထည်းချကြော်စဉ်တူဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ရွှေဝါရောင်ရသည်ထိကြော်ပြီး ဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard