ပါဝင်ပစ္စည်း
- ပြောင်းဖူး..............၁ဖူး
- ပဲတောင့်ရှည်..........၅တောင့်
- ဂေါ်ဖီ...................၁စိတ်
- သခွားသီးအသေး......၁လုံး
- ခရမ်းချဉ်သီး.............၂လုံး
- ငရုတ်သီးစိမ်း............၅တောင့်
- ကြက်သွန်ဖြူ.............. ၃တက်
- ငါးပိ.......................အနည်းငယ်
- ပုစွန်အသေး..............၁၀ကောင်ခန့်
- ငါးအသေး..................၁၅ကောင်ခန့်
ချက်ပြုတ်နည်း
1. ပထမဆုံးပြောင်းဖူးကိုနူးအောင်ပြုတ်ပါ။ပုစွန်ကိုခေါင်းချိုး ၊အခွံခွာပြီး ဆား၊သံပုရာရည်လေးအနည်းငယ် နှင့်နှပ်ထားပါ။
2. ငါးအသေးလေးတွေကိုအရသာနယ်ပြီးဂျုံ မှုန့်လေးကပ်လူးကာအကြွပ်ကြော်ပါ။
3. ငရုတ်ဆုံထဲ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတွေထည့်ထောင်းပါ။
4. ထန်းလျက်၊ငါးပိအနည်းငယ်ထည့်ပြီးဖိချေပါ။
5. သကြား၊ငါးငံပြာရည်၊သံပုရာရည်ညှစ်ချပြီးအရသာဖြည့်စွက်ပါ။သံပုရာသီးအခွံတွေပါထည့်ပါ။
6. သခွားသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်၊ပြောင်းဖူးတို့ကိုမိမိနှစ်သက်သလိုလှီးထည့်ပါ။
(အရောင်စပ်လှအောင် red cabbage လေးသုံးထားပါတယ်။)
7. နှပ်ထားတဲ့ပုစွန်အစိမ်းတွေထည့်မွှေပါ။ငါးအကြွပ်ကြော်လေးတွေနှင့်တွဲဖက်စားပါ။
No comments:
Post a Comment