ထမင်းမြိန်စေမယ့် ကြက်သား နှင့် ပဲဟင်းပါ။ ချက်နေကျစတိုင် ဆီအများကြီး မသုံးထားပဲ၊ ဟင်းခတ်အမွှေးအကြိုင် တွေကြောင့် အနံ့ရော၊ အရသာပါ ထူးကဲ ကောင်းမွန်ပါတယ်။ ကြက်သား နှင့် ပဲဟင်းကို ထမင်း၊ ချပတီ၊ ရိုတီ တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။
ပါ၀င်ပစ္စည်းများ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်(သို့) Pressure cooker ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ထို့နောက် မဆလာ၊ ဖာစေ့၊ လေညှင်း တို့ကို ထည့်မွှေပေးပါ။
၃။ ပြီမှ ဂျင်းနှစ်၊ ဆနွင်း ထည့်ကာ ဆီသပ်ပါ။
၄။ ကြက်သား၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။
၅။
ကြက်သား ရေမြုပ်ရုံ ရေ(၄ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ
Pressure cooker (သို့) ဒယ်ကို အဖုံးအုပ်ကာ ၁၅မိနစ်ခန့် မီးအတင့်တင့်ဖြင့်
တည်ထားပါ။
၆။ ကြက်သားကျက်ပြီဆိုလျှင်(ပြုတ်ထားသော ပဲ)ကို ကြက်သားဖြင့် ရောကာ နောက်ထပ် ၁၀မိနစ် ထပ်တည်ပေးပါ။
ရ။ အရသာ အနေတော်လျှင် နောက်ဆုံးမှ မဆလာ(လက်ဖက်ရည်ဇွန်း တ၀က်)၊ နံနံပင် အုပ်လိုက်ပါ။
၈။ အရသာရှိပြီ ထမင်းမြိန်စေမယ့် ကြက်သား နှင့် ပဲဟင်းကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment