ပါဝင်ပစ္စည်းများ
- ဗမာကြက်၄၀သား
- ကြက်သွန်ဖြူ၄ဥ
- ဂျင်းလက်တဆစ်
- စပါးလင်တပင်
- ငြုပ်သီးရှည်ခြောက်၆တောင့်
- စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
- မှို ၁၀ သား
- ပင်စိမ်းတစည်း ရှမ်းနံနံ
- သံပုရာသီးတလုံး
- ငြုပ်သီးစိမ်းလက်တဆုတ်
- ကြက်သွန်နီ၂လုံး
ချက်ပြုတ်နည်း
1. ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ။
2. ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ။
3. ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး
ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ
စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ။
4. ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ။
5. ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ။
6. ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆိုမှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ၊ အရသာပေါ့ငန်မြည်းပါပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပြီ။
No comments:
Post a Comment