ဇလုံထမင်းနယ်ကို များသောအားဖြင့် ပဲပုပ်ကြော်ချက်၊ ငါးဟင်း၊ ငါးပိရည်ကျို၊ ငပိကြော် ၊ ဆီစိမ်း၊ ဆီချက် ရှိတာတွေ ရောထည့်နယ်လေ့ရှိပါတယ်..။ ထည့်တဲ့ အမယ်တွေအပေါ်မူတည်ပီး အရသာလေးတွေကွဲသွားပေမဲ့ ရှုးရှုးရှဲ နဲ့ ငံငံ စပ်စပ်လေးဖြစ်အာင် အငံနဲ့ ငရုပ်သီးလှော်ထောင်း များများထည့်လေ့ရှိပါတယ်။
ဇလုံထမင်းနယ်အတွက်အဓိကပါ၀င်ပစ္စည်းများ
- ထမင်းကြမ်း
- ပဲပုပ်ချက် / ငါးဟင်း၊
- ငါးပိရည်/ငပိကြော်/ ငပိချက်/ ငံပြာရည်ချက်
- ငရုပ်သီးလှော်ထောင်း
- ကြက်သွန်ဖြူကြော် ဆီချက်/ ကြက်သွန်နီဆီချက် / ဆီစိမ်း
- ငရုပ်သီးအခြောက်တောင့်ကို ကြွတ်အောင်ကြော်ထားပါ။
- ပဲမှုန့်အကျက်
- ငံပြာရည် တို့ ထည့်ပြီးနယ်ပါ။ ကိုယ်ကြိုက်တဲ့ အရသာရပီ ဆိုရင်
- ငရုတ်သီး အကြမ်းမှုန့်ကြော် ဖြန့်ပြီးထည့် ။
- ကြက်သွန်ဖြူကြော် ဖြန့်ပြီးထည့် ပြီးရင်
- နံနံပင်၊
- ပါးပါးလှီးရေစိမ်ထားတဲ့ဂေါ်ဖီ၊
- မြေပဲကြော်၊
- အာလူးကြော်၊ ငါးမုန့်ကြော် စသဖြင့် အကြွတ်ကြော်လေး တမျိုးမျိုးနဲ့ တွဲစားလို့ရပါပြီ။ ဟင်းချို အတွက် ပုဇွန်ခြောက်သို့မဟုတ် ငါးကျည်း ခပ်ထားတဲ့ ဗူးသီး ဟင်းခါးထဲ နံနံပင် နဲ့ ငရုပ်ကောင်းလေး ခတ်ပီး ထမင်းသုပ်လေးနဲ့ တွဲဘက်သုံးဆောင်နိုင်ပါတယ်။
ဇလုံကြီးထမင်းနယ်
ပါ၀င်ပစ္စည်းများ
- ထမင်း
- ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)
- ငပိရည်
- ကြက်အူချောင်း
- ကြက်သလုံး
- ပဲပြားအချိုကြော်
- တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ် ၊ သရက်ရေစိမ် ၊ ကြက်သွန်နီတလုံး)
ပြုလုပ်ပုံ
ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ် ၊ ငပိရည်ရယ် ၊ သေချာနယ်ပါ ။ပြီးလျင်
ကြက်အူချောင်း ၊ ကြက်သလုံး ၊ ပဲပြားအချိုကြော်လေးကို ပုံပြီး ၊ တို့စရာ
အစုံ ၊ သခွားသီး ၊ ခရမ်းသီး ပြုတ် ၊သရက်ရေစိမ် ၊ ကြက်သွန်နီ တလုံးနဲ့
ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ် ။
သောက်ရေ မတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက် ၊ စားလိုက် နဲ့ ရှုးရှဲ
ရှုးရှဲပေါ့ ။
လဖက်ထမင်းနယ်
ပါ၀င်ပစ္စည်းများ
- ထမင်း
- လ္ဘက်ချဉ်စပ်နှပ်
- ကြက်သွန်ကြော်
- မြေပဲလှော်
- ဆီ
- ဆား
- ပုဇွန်ခြောက်မူန့်
- ခရမ်းချဉ်သီး
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငါးနီတူခြောက်ကြော်ရွရွလေး
- ရေနွေးကြမ်းပူပူလေး
ပြုလုပ်နည်း
အိမ်မှာ လဖက်ချဉ်စပ်နှပ်ကို ထမင်းပေါ်တွင် ထည့်ပြီး ကြက်သွန်ကြော် ၊ နှမ်း ၊
မြေပဲလှော် ၊ ဆီ ၊ ဆား ၊ ပုဇွန်ခြောက်မူန့် ထည့်ပြီး အားလုံး သမအောင် နယ်ပါ
။လဖက်ထမင်းပေါ်က ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ပါးပါးလှီး ထည့်ပါ ။ကြက်သွန်ဖြူ ၊ ငါးနီတူခြောက်ကြော် ရွရွလေးကို တပုံစီ ပုံပြီး ရေနွေးကြမ်း ပူပူလေးနဲ့ သုံးဆောင်လို့ရပါပြီ။
မျှစ်ဝါငပိစပ်ထောင်းထမင်းနယ်
ပါ၀င်ပစ္စည်းများ
- ထမင်း ၄ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
- မျှစ်ဝါ ငပိစပ်ထောင်း ၅ ဇွန်း (ထမင်းစားဇွန်း)
- ငါးဂွေးသီးချက် ကျန်တဲ့အနှစ် ၂ ဇွန်းခန့် (ထမင်းစားဇွန်း)
- ငါးခြောက်ကြာ်
- ခရမ်းကြွတ်သီး ၃ လုံး
- ခရမ်းချဉ်သီး ၂ လုံး
- ဥဝါ ၁ ပိုင်း
- မြေပဲဆီစစ်စစ်
ပြုလုပ်နည်း
ဇလုံ တခုထဲတွင် ထမင်း ၊ မျှစ်ဝါ ငပိစပ်ထောင်း ၊ ငါးဂွေးသိးချက် ကျန်တဲ့အနှစ် တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မျှစ်ဝါ ငပိစပ်ထောင်း ထဲတွင် ဆား ပါပြီးသား ဖြစ်ပါသည် ။မျှစ်ဝါ
ငပိစပ်ထောင်းနှင့် ငါးဂွေးသီးချက် ကျန်တဲ့အနှစ်ကို နယ်ထားသည့် ထမင်းကို
ငါးခြောက်ကြာ် ၊ ခရမ်းကြွတ်သီး ၊ ခရမ်းချဉ်သီး ၊ ဥဝါ
အချောင်းရျည်လေးများကို ဂျိုးဂျိုးဂျွတ်ဂျွတ် စားကြည့်ပါ
အင်မတန် ကောင်းပါသည် ။မျှစ်ဝါ ငပိစပ်ထောင်းကို ထမင်းနယ် ပေါ်မှာ ပုံထားပါသည် ။ အိမ်မှကလေးများ၏ တောင်းဆိုချက်အရ ဖြစ်ပါသည်။
ပုဇွန်စပ်ခြောက်ထမင်းနယ်
ပါ၀င်ပစ္စည်းများ
- ထမင်း ၁ ပန်းကန်
- ပုဇွန်စပ်ခြောက် ၃ ဇွန်း (ထမင်းစားဇွန်း)
- ငါးဥဟင်း အနှစ်
- ငါးဥဟင်း ၁ ကောင်
- ခရမ်းချဉ်သီး
- ဒညင်းသီး ပြုတ်
- သံပုရာသီး သေးသေးလှီးထားပါ
- ဆီ အနည်းငယ်
- ဆား အနည်းငယ်
ပြုလုပ်နည်း
ထမင်း ၊ ပုဇွန်စပ်ခြောက် ၊ ငါးဥဟင်း အနစ် ၊ ဆား နှင့် ဆီ အနည်းငယ်ကို နယ်ပါ ။နယ်ထားသည့် ထမင်းနယ်ကို ငါးဥဟင်း ၊ ဒညင်းသီး ပြုတ် ၊ ခရမ်းချဉ်သီး ၊ သေးသေးလှီးထားသော သံပုရာသီး တို့နှင့် တွဲ၍ စားနိုင်ပါသည် ။
အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
မကျည်းထောင်းစပ်ထမင်းနယ်
ပါ၀င်ပစ္စည်းများ
- ထမင်း ၂ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
- မကျည်းထောင်းစပ်စပ် ၂ ဇွန်း (ထမင်းစားဇွန်း)
- မကျည်းရွက် လက်တဆုပ်စာ
- ကြက်ဥမွှေကြော် (ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်)
- မျှစ်ပြုတ်
- ဖရဲသီး ပေါက်စပြုတ်
- မြေပဲဆီစစ်စစ်
ပြုလုပ်နည်း
ဇလုံ တခုထဲတွင် ထမင်း ၊ မကျည်းထောင်းစပ်စပ် ၊ မကျည်းရွက်စိမ်း တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။ ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မကျည်းထောင်းစပ်စပ်ထဲတွင် ဆားပါပြီးသား ဖြစ်ပါသည်။ကြက်ဥမွှေ ကြော် ထဲတွင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်တို့ ပါဝင်ပသည် ။မျှစ် နဲ့ ဖရဲသီးပေါက်စတွေကို တို့စားရန် ပြုတ်ထားပါသည် ။မကျည်းထောင်းစပ် နှင့် နယ်ထားသည့် ထမင်းကို ကြက်ဥမွှေကြော် ၊ မျှစ်ပြုတ် ၊ ဖရဲသီး ပေါက်စပြုတ် ၊ မြေပဲကြော် တို့နှင့် တွဲစားပါတယ်။
No comments:
Post a Comment