ဒီလိုအသီးလေးကို ငပိနဲ့ငရုတ်သီးလေးရောပြီး စပ်စပ်လေးထောင်းစားကြည့်ရင်တကယ်ကိုစားလို့ကောင်း လှပါတယ်။
ပါဝင်ပစ္စည်းများ
- ခမ်သီး
- ပုဇွန်လှော်
- မျှင်ငပိ
- ကြက်သွန်ဖြူ
- ဟင်းချိုမှုန့်
ပြုလုပ်နည်း
- ခမ်သီးကို နှစ်ခြမ်းခွဲပြီး အလည်မှ အစေ့ကို ဒါးသေးသေး၏ ထိပ်အချွန်လေးဖြင့် ကော်ထုတ်ပါ။ ပြီးလျင် အစီးများ ထွက်သွားအောင် ရေစိမ်ထားပါ။
- ပုဇွန်သေးသေးလေးများကို အရင်လှော်ပါ။ ပြီးလျင် အအေးခံပါ။ မျှင်ငပိကို မီးဖုတ်ထားပါ။
- ငြုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ဆား နှင့် ဟင်းချိုမှုန့်ကို အရင် ညက်နေအောင် ထောင်းပါ။
- ပြီးလျင် ပုဇွန်လှော် နှင့် ခန်သီးကိုပါ ထောင်းထားသော ငြုပ်သီးတို့နှင့် ရော၍ ထည့်ပြီး ထောင်းပါ။
- ထောင်းထားသော အရာများ နှံ့စပ်သွားပြီဆိုလျင် မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment