ရွှေဖရုံသီးပူတင်း


ပါဝင်ပစ္စည်း

  • ရွှေဖရုံသီး ၁စိတ်
  • ကြက်ဥ ၁လုံး
  • နွားနို့ 200 ml (ကြိုပြီးသား)
  • ဆား အနည်းငယ်
  • သကြား အနည်းငယ်

ပြုလုပ်နည်း

ရွှေဖရုံသီးကိုအစေ့များဖယ်၊ အခွံခွါ၊ အတုံးလေးတွေတုံး၍ အိုးထဲရေထည့်ပြုတ်ပါ။ နူးလျှင်ရေစစ်ပါ။ ကြိတ်စက်ထဲသို့ ရွှေဖရုံသီး၊ ကြက်ဥ၊ သကြား၊ ဆား၊ နွားနို့တို့ ထည့်ကြိတ်ပါ။ ထို့နောက် ပူတင်းလုပ်မယ့် ခွက်ထဲသို့လောင်းထည့်၍ ၁၀မိနစ်/၁၅မိနစ်ခန့်ပေါင်းပါ။


No comments:

Post a Comment

@templatesyard