ပါဝင်ပစ္စည်း
- ခရမ်းသီးရှည်..............၃လုံး
- ငါးခူသေး....................၁ကောင်
- ကြက်သွန်ဖြူ.................၅တက်
- ငရုတ်သီးစိမ်းတောင့်နီ.....၁၀တောင့်
- ငါးပိ.............................အနည်းငယ်
ထောင်နည်း
- ငါးခူကိုရေဆေးသန့်စင်ပြီးဝါးတံစို့ထိုးကာကျက်အောင်ကင်ပါ။
- ငရုတ်သီးစိမ်းနီ၊ကြက်သွန်ဖြူ တို့ကိုလဲတံစို့ထိုးပြီးကင်ပါ။
- ခရမ်းသီးကိုအလုံးလိုက်သံဇကာလေးခံပြီး
- ကျက်သည်အထိကင်ပြီးအအေးခံထားပါ။
- ငါးပိကိုလဲဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။
- ငရုတ်ဆုံထဲမှာလှော်ထားတဲ့ကြက်သွန်ဖြူ ငရုတ်တောင့်နီနှင့်ငါးပိတို့ကိုရောပြီး သမသွားအောင်ထောင်းပါ။
- ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။
- ငါးခူမီးကင်ကိုဖဲ့ခြွေထည့်ပြီးဇွန်းလေးနဲ့သမ
- အောင်မွှေပေးပါ။
- မီးဖုတ်ထားတဲ့ခရမ်းသီးကိုအခွံခွာပြီး(၃)ပိုင်းသို့မဟုတ်(၄)ပိုင်းပိုင်းဖြတ်ပြီးထည့်ကာကျည်ပွေ့လေးဖြင့် ဖိချေပေးပါ။
- ခရမ်းသီးတွေကြေသွားသည်အထိမထောင်းပါနှင့်။
- မိမိနှစ်သက်ရာတို့စရာအရွက်များဖြင့်တွဲဖက်ပါ။
No comments:
Post a Comment