ပန်းပေါက်စီလုပ်နည်း


ပါဝင်ပစ္စည်းများ

  • plain flour (all purpose flour) – 2 cups (500 ml)
  • သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • instant dried yeast (or) dry yeast – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ရေကြက်သီးနွေး (luke warm water) -2/3 cup (160 ml)
  • ဆီ – ထမင်းစားဇွန်း ၂ ဇွန်း (dough ပြားပေါ် သုတ်လိမ်းရန်)
  • တတ်နိူင်သမျှ ရေခြောက်အောင်လုပ်ကာ ပါးပါးလှီးထားသော ကြက်သွန်ပင် – လက်တစ်ဆုပ်ခန့်
  • ဆီ သုတ်ထားသော baking liner (or) cooking paper (3″x2″) အရွယ် – ၁၀ ရွက်

ပြုလုပ်နည်း

  1. plain flour, သကြား၊ ဆား နှင့် dry yeast တို့ကို ဇလုံတစ်ခုထဲထည့်ပြီး နှံ့သွားအောင်ရောနှောထားပါ။
    ထိုဇလုံထဲသို့ ရေကြက်သီးနွေးကို ထည့်ပြီး တတ်နိူင်သမျှ ရောနှောသွားအောင် ဇွန်းဖြင့် ၁၀ချက်ခန့် မွှေရောပေးပါ။
  2. flour အနည်းငယ်သုတ်ထားသောလက်ဖြင့် ၃ မိနစ်ခန့် နယ်ပေးပါ။ ပြီးလျှင်လက်မှာကပ်နေသည်များကို ခြစ်ထုတ်ကာဖယ်ပစ်ပြီး dough သားပေါ် flour အနည်းငယ်ဖြူး၍ နူးညံ့သွားအောင် knead (ဖိနယ်ခြင်း၊ လက်ဖနှောင့်ဖြင့်ဖိခြင်း) ၁၀ မိနစ်ခန့်လုပ်ပေးပါ။
  3. Dough သားနူးညံ့သွားလျှင် အလုံးပုံစံလုပ်ကာ flour အနည်းငယ်ဖြူးထားသော ဇလုံထဲထည့်ပြီး လေလုံ အောင်အဖုံး ဖုံးထားပါ။
  4. Dough သား ၂ ဆခန့် ပွလာအောင် ထိုဇလုံအား ရေနွေး(ရေပူမဟုတ်)ထည့်ထားသည့်နောက်ထပ်ဇလုံကို အောက်ကခံပြီး အခန်းအပူရှိန်ဖြင့် ၁ နာရီခန့် ထားပါ။
  5. ပွလာသော Dough ပေါ် Flour အနည်းငယ်ဖြူးကာ လေများထွက်သွားအောင် ဖိနယ်ပေးပါ။
  6. ပြီးလျှင် flour ဖြူးထားသော ညီညာသည့်မျက်နှာပြင်ပေါ်တင်ပြီး ၅ မိနစ်ခန့် knead (ဖိနယ်ခြင်းလက် ဖနှောင့်ဖြင့်ဖိခြင်း) ပြန်လုပ်ပေးပါ။
  7. ပြီးနောက် rolling pin ကိုသုံး၍ 35 cm x 25 cm ခန့် အပြားရအောင် လုပ်ပေးပါ။ (dough ပြား အောက်ခံ မျက်နှာပြင်ဖြင့် မကပ်အောင် လိုအပ်လျှင် flour အနည်းငယ် ထပ်ဖြူးပေးပါ။)
  8. မညီညာသည့်အနားများကို ဓါးဖြင့်လှီးထုတ်ပစ်ကာ dough ပြား မျက်နှာပြင်တစ်ခုလုံးအား ဆီ (ထမင်းစားဇွန်း ၂ ဇွန်း) ရွှဲသွားအောင် သုတ်ပေးပါ။ (ဆီ စိုရွှဲနေမှ မုန့်သားပိုကောင်းပါတယ်။)
  9. ဆီသုတ်ပြီးလျှင် ကြက်သွန်ပင်များ ဖြူးပေးကာ စိတ်ရှည်ရှည်ဖြင့် လက်တစ်လုံးအပြားခန့် စပြီးလိပ်ပေးပါ။
  10. အဆုံးအထိ လိပ်ပြီးသွားလျှင် လက်နှစ်လုံးအပြားခန့် အတုံးများ (အတုံး ၂၀)ဖြတ်ပါ။ အတုံး ၂ တုံးကို အနားမညီသည့်ဖက်ကို အတွင်းဖက်ထားကာ မျက်နှာချင်းဆိုင်ထားပါ။
  11. ပြီးလျှင် ၃ လက်မ အရှည်ခန့်ဖြစ်လာအောင် လက်ချောင်းများဖြင့် ဖိပြားကာ အနား ၂ ဖက်မှ ကိုင်ပြီး တစ်ချက်လိမ်၍ အစွန်း ၂ ခုကို ကပ်ထားပါ။
  12. လိမ်ပြီးသည့်မုန့်များကို ဆီသုတ်ထားသည့် cooking paper များပေါ်တင်ကာ ပေါင်းမည့်အိုးထဲထည့်၍ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး အိုးအဖုံး ဖုံးကာ high heat ဖြင့် ၁၀ မိနစ်ခန့် ပေါင်းပေးပါ။
  13. ငရုတ်ဆီလေးဖြင့် တို့စားစား၊ ကြက်သားအမွကြော်၊ ဝက်သားကြော်၊ ဝက်စတူး ကဲ့သို့ အသားများဖြင့် တွဲဖက်ပြီး စားစား အရမ်းကို အရသာရှိလှသောပန်းပေါက်စီလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

No comments:

Post a Comment

@templatesyard