ပါဝင်ပစ္စည်းများ
- ကြက်သား - ၁၅ကျပ်သား
- ကြက်သွန်နီ - ၂လုံး
- ဂျင်း၊ ကြက်သွန်ဖြူ (ထောင်းပြီးသား) - လက်ဖက်စားဇွန်းတဇွန်း
- ဆား -ဇွန်းတဝက်
- ဟင်းခပ်မှုန့် - တစ်ဇွန်း
- ကော်မှုန့် - တစ်ဇွန်း
- ငရုပ်ချဉ် - တစ်ဇွန်း စားပွဲတင် (စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုပ်ချဉ်)
- ခရမ်းချဉ်သီး - အကြီး ၁လုံး
- ငရုတ်ပွသီး - ၁လုံး
- ကြက်သွန်မိတ် - ၂ပင်
- ငရုပ်သီးစိမ်းနီ -အနည်းငယ်
- သံပုရာသီး
- ဆီအနည်းငယ်
ချက်ပြုတ်နည်း
1. ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း ကော်မှုန့် ထည့်ပြီးနယ်ထားပါ။
၁၅မိနစ်ခန့် နှပ်ထားပေးပါ။
2. ကြက်သွန်နီမထူမပါးလှီးထားပါ။ ငရုတ်ပွကိုလည်း ခြမ်းထားလှီးထားပါခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူ စိတ်ထားပါ။ ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။
ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။
3. အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်ထည့်ပါ(မွှန်ပါတယ်)။
ကြက်သားထည့်ကြော်ပါ။
4. ကြက်သားအရောင်ပြောင်းပါကကြက်ပြုတ်ရည်(သို့မဟုတ်)ရေအနည်းငယ်ထည့်ပေးပါနည်းနည်းစီထည့် ပေးပါ။
5. ကြက်သားကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ ငရုပ်သီးခြမ်း၊
ခရမ်းချဉ်သီး၊ငရုတ်ပွ သီး၊
ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စား မကောင်းပါ။)
No comments:
Post a Comment