ပါ၀င်ပစ္စည်း
- ဂျုံ - ထမင်းစားဇွန်း ၅ဇွန်း
- ကြက်ဥ - ၄လုံး
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- ပျားရည် - ထမင်းစားဇွန်း ၁ဇွန်း
- ထောပတ် - ထမင်းစားဇွန်း ၂ဇွန်း
- နွားနို့ - ၃၀၀ml
- ဆား - အနည်းငယ်
- ငှက်ပျောသီး - ၃လုံး
- ချောကလက် - ၂ တောင့်
ပြုလုပ်နည်း
- ငှက်ပျောသီး နှင့် ချောကလက်ကလွဲလို့ကျန်သည့်ပါ၀င်ပစ္စည်းအားလုံးကို ရောမွှေထားပြီးနာရီ၀က် လောက် နပ်ထားပါငှက်ပျောသီးကိုအခွံနွာပြီး၂ ခြမ်းခြမ်းထားပါ။
- အကြော်ဒယ်အိုးကို မီးအနေတော် လေးအပူပေးပြီး ထောပတ် အနည်းငယ် သုတ်လိမ်းပြီး မုန့်နှစ် ၂ဇွန်းလောက် ထည့်ကာမုန့်ပြားပြားလေးရအောင် ဒယ်အိုးကို လှည့်ပေးပါမုန့်သားမကျတ်တကျတ်
ဖြစ်လာပါက ခြမ်းထားတဲ့ ငှက်ပျောသီး ၁ခြမ်းကို ဒယ်အိုးရဲ့ဘေးမရောက်တရောက်နေရာလေး မှာတင်ပြီးမီးပိတ်ကာမုန့်သားရဲ့ဘေး အသား အရှည်လိုက်လေးကနေအရင်သိမ်းပါ ပြီးရင်
ငှက်ပျောသီးတင်ထားတဲ့နေရာလေးကဘေးသားကနေ လိပ်ပါ လေမခိုအောင်လိပ်ပေးရပါမယ်။
- ချောကလက်လိပ်ကိုတော့ အပေါ်ကနည်းလိုပဲငှက်ပျောသီးနေရာကိုချောကလက်အစားထိုး ကာလိပ်ရင်ရပါပြီ။
- မုန့်သားကို ဟိုဘက်ဒီ ဘက် လှန်ပြီး ကြော်စရာမလိုပါ။
- မုန့်နှစ် မကျက် တကျက် ဖြစ်တဲ့ချိန်မှာမီးပိတ်ရပါမယ်။
- အားလုံးအဆင်သင့်ဖြစ်ပါက မုန့်လိပ်လေးတွေပေါ်ကို ပျားရည်လေးလောင်းပြီး နွေးနွေးလေးသုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment