ပါဝင်ပစ္စည်း
- ကြက်သား(စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပါ)
- ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်
- ဟော့ပေါ့အနှစ်ထုပ်
- အသားမှုန့်/ဆားအနည်းငယ်
- ကြက်အူချောင်း/ဝက်အူချောင်း
- ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လို့ရပါတယ်
- ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ
- အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ (ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ် ထားပေးပါ)
- ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲ ကြက်သားနဲ့ဟော့ပေါ့အနှစ်ကို
- ၅မိနစ်ခန့်ချက်ပေးပါ ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ
- (ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖို့လိုတဲ့အဆာပလာတွေထည့်ထားလို့ရပါပြီ)
- -အပေါ့အငန်အတွက်အသားမှုန့်/ဆားကိုလိုသလောက်ထည့်ပေးပါ
- ရေဗွမ်းဗွမ်းဆူပြီးအသားတွေလဲကျက်ပြီဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအရွက်တွေထည့်ပြီးသုံးဆောင်နိုင်ပါပြီ
No comments:
Post a Comment