သရက်သီးငါးခြောက်မှုန့်ငပိထောင်း


ပါဝင်ပစ္စည်းများ

  • ငရုတ်သီး စိမ်း – ၁၀ ကျပ်သား (အစပ်မျိုး)
  • စိမ်းစားငပိ – ၅ ဇွန်း စားပွဲဇွန်း (ငပိ ကိုမီး မျင်းနဲ့ ဖုတ်ပါ မွှေးလာသည်ထိပါ)
  • ဆား – ၁ ဇွန်း လက်ဖက်ဇွန်း
  • ငံပြာရည် – ၃ ဇွန်း လက်ဖက်ဇွန်း (လိုသလောက်)
  • သရက်သီးအစိမ်း – ၁ လုံး (အချောင်းလေးတွေ ခြစ်ထားပါ)
  • ငါးခြောက်မှုန့် – ၂ ဇွန်း စားပွဲဇွန်း

ပြုလုပ်နည်း

  1. ငရုတ်သီး စိမ်းကို ရေစင်အောင်ဆေးပြီး အိုးထဲမှာ ငရုတ်သီး မြုတ်ရုံ ရေထည့်ပြီးပြုတ်ပါ။ ငရုတ်သီး ပျော့လာရင် ရပါပြီ။ ရေစင်အောင်စစ်ပါ။
  2. စိမ်းစားငပိ ကို ဖုတ်ရာမှာ မီးမျှင်းလေးနဲ့ဖုတ်ပြီး မတူးပါစေနှင့်၊ အနံမွှေးယုံသက်သက်ပါ။
  3. ပြုတ်ထားသော ငရုတ်သီးနဲ့ သရက်သီးအချောင်းလေးများကိုအတူ ထောင်းပေးပါ။ (ကြိတ်စက်နဲ့ ကြိတ်လျှင် ပိုမြန်ပြီး ငရုတ်စေ့တွေလည်း ညုက်လွယ်ပါတယ်)။
  4. ညှက်လာသော ငရုတ်သီးကို ကျန်ပစ္စည်းများ ထည့်ပြီး မွှေပါ။ ဆား အပေါ့အငန် မြည်းပြီးလျှင် လေလုံဗူးထဲမှာ ထဲပြီး ခဲထားလို့ ရပါတယ်။
  5. စားသုံးခါနီးမှ စားပွဲဇွန်း ၃ ဇွန်း လောက်ကို ပန်းကန်ထဲထည့်ပြီး ကြိုက်နှစ်သက်ရာ ရာသီပေါ် တို့စရာဖြင့် စားသုံးနိုင်ပါသည်။


No comments:

Post a Comment

@templatesyard