စနိုးပူတင်း


- ပထမဆုံး ဘာနွားနို့ဖြစ်ဖြစ်နွားနို့ ၅၀၀ml ရှိရင်တစ်ယောက်စာရပါပီ (ဆရာericကတော့ ၅၀၀+၅၀၀ သုံးပါတယ်) .. ကျွန်တော်ကတော့ စျေးထဲမှာ တစ်ထုပ် ၁၀၀၀တန် တစ်ထုပ်ဝယ်လိုက်တယ်.. အာ့နွားနို့ကို 250ml စီကို ခွက်နှစ်ခွက်ထဲခွဲထည့်ပါ။

- တစ်ခွက်ကို 250ml ရှိတဲ့နွားနို့ ပထမခွက်ကို သကြား 50ml ထည့်ပါ(အချိုကြိုက်ရင် ၇၅လောက်ထည့်လို့ရပါတယ်) ပီးရင်သမအောင်မွှေပေးပါ.. (အချိုးစပ်ပုံက ဥပမာ ၅၀၀ဆို ၅၀၀ရဲ့အရှေ့ဂဏန်း၂လုံးကိုယူ ၅၀.. ၅၀ကို ၂နဲ့မြှောက်ပီးထည့်ပေးရတာပါ.. 700ဆို 70x2=140 )။

- နောက် တစ်ခွက်250mlမှာ ပြောင်းဖူးကော်မှုန့် 50ml ထည့်(သကြားနဲ့အချိုးတူ ပြစ်ပြစ်လေးလိုချင်ရင် 75mlလောက်ထည့်)ပီးသမအောင်မွှေပေးပါအောက်မှာအနည်ထိုင်တတ်လို့သေသေချာချာမွှေဖို့လိုပါတယ်..အဓိကလျှို့ဝှက်ချက်က ပြောင်းဖူးကော်မှုန့်ကလွဲပီးဘာကော်မှုန့်မှထည့်လုပ်လို့မရပါဘူး..city martမှာ တစ်ထုပ်ကို 800ပဲပေးရပါတယ်(တခြားကော်မှုန့်နဲ့စမ်းပီးပါပီစားမကောင်းပါဘူး)ရအောင်ဝယ်လုပ်ပါ..ကျွန်တော်/မ တို့က အုန့်နို့လေးထည့်စားချင်တယ်ရလားဆိုရပါတယ် ဒီခွက်ထဲမယ် အပေါ်မှာပြောထားတဲ့အချိုးတိုင်း တွက် အုန်းနို့ဘူးလေးကိုဖောက် 75mlထည့်ယုံပါပဲ။

- အာ့တွေရပီဆို နွားနို့ကျိုမယ့်မကပ်တဲ့အိုးတစ်ခုကိုအပူပေးပီး သကြားထည့်ထားတဲ့နွားနို့ကို ဆူပွက်လာအောင်ကျိုပေးပါ..ရပီဆို ဆားအနည်းငယ်ထည့်ပါ။

- သကြားထည့်ထားတဲ့နွားနို့ပွက်လာပီဆို ပြောင်းကော်မှုန့်ထည့်ထားတဲ့နွားနို့ထည့်ပီး နာရီလက်တံသွားတဲ့ အတိုင်းအဆက်မပြတ်မွှေပေးပါ ..ရပ်ပီးတည်ထားလို့မရပါဘူး အိုးကပ်ပီးမီးတူးရင်လွှင့်ပစ် ရပါမယ်..အမြဲတမ်းနာရီလက်တံအတိုင်းမွှေပေးနေလို့ နွားနို့တွေပြစ်ပီးစီးစီးလေးဖြစ်လာပီဆိုရင် ပုံသွင်း မယ့်ဘူးသို့မဟုတ်ခွက်ထဲထည့်ပြီးအအေးခံပါ ၁၅မိနစ်လောက်နေရင် ရေခဲသေတ္တာထဲထည့်ပါ။

- Snow ပူတင်း တုံတုံအိအိလေးရလာပီဆို ရေခဲသေတ္တာထဲကထုတ် အတုံးလေးလှီးပီး အုန်းသီးကို အမှုန်လေးတွေဖြစ်အောင်ကြိတ်ထားတာလေးတွေကပ်ပီးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

@templatesyard