ပါဝင်ပစ္စည်းမျာ
- ပုစွန်
- ပဲပြာ
- ငုံဥ
- မုန်လာဥနီ
- မုံညှင်းဖြူ
- အပ်မှို
- ခရမ်းချဉ်သီး
- တုန်းရမ်းဟင်းချိုအထုပ်
- ကုလာနံနံ
- စပါးလင်
- အုန်းနို့ရည်
- ငရုတ်သီး
- သကြား(အချိုမှုန့်)
- ပဲငံပြာရည်
ချက်ပြုတ်နည်း
- ရေနွေးအနည်းငယ်ဆူအောင်တည်ပြီးကြက်ရိုးကို ၅မိနစ်လောက်ပြုတ်ပါ။
- ပြုတ်ထားတဲ့အရည်တွေကိုသွန်လိုက်ပါ အရိုးတွေကိုသက်သက်ဖယ်ထားပါ။
- လိုချင်တဲ့ရေပမာဏထည့်ပြီးကြက်ရိုးတွေကိုကြာကြာလေးပြန်ပြုတ်ပေးပါ။
- ကြက်ပြုတ်ရည်ရပြီဆိုရင် ကြက်ရိုးတွေကိုဖယ်ထားပြီးရေပမာဏကိုပြန်ကြည့်ပါ အနည်းအများလိုအပ်သလိုထည့်ပါ။
- ကြက်ရိုးပြုတ်ရည်ထဲကို လှီးထားတဲ့ပဒဲကောနဲ့စပါးလင်ထည့်ပြီးတည်ထားပါ ပွတ်လာပြီးအနံ့ထွက်လာတဲ့ထိတည်ပေးပါ။
- တုံယမ်းခဲကိုပန်းကန်တစ်ခုထဲမှာ ရေ(သို့) ရေနွေးနဲ့အရည်ဖျော်ထားပါ။
- ဟင်းရည်ပွတ်လာပြီးအနံ့လေးသင်းလာရင် တုံယမ်းထည့်ပေးပါ(*သတိပြုရမှာက တစ်ခါထဲနဲ့အများကြီးမထည့်ပါနဲ့ အရသာလိုမှထပ်ထည့်ပါ)။
- ငရုတ်သီးစိမ်းခြမ်းထားတာတွေထည့်ပါ (အစပ်ကြိုက်ရင်ပိုထည့်ပါ)။
- ခရမ်းချဉ်သီးထည့်ပါ ( နည်းနည်းကြာကြာလေးတည်ပေးပါ အိုးထဲကထည့်ထားတာတွေအရသာတွေထွက်လာအောင်ပါ)။
- ပုစွန်ထည့်ပါ။
- ဟင်းရည်ထဲထည့်စားမယ့်အသီးအရွက်တွေထည့်လို့ရပါပြီ(မြန်မြန်နူးလွယ်တာတွေကို ဟင်အိုးချခါနီးမှထည့်ပေးပါ အနူးမလွယ်တာတွေကိုအရင်ထည့်ပြီးတည်ထားပါ)။
- အရသာတွက် လိုအပ်သလိုပြင်ဆင်ပါ။
- အရေးကြီးဆုံးက အုန်းနို့ထည့်ရမှာပါ သူ့ကိုမထည့်ရင်စားရတာမကောင်းပါဘူး ထည့်လိုက်မှအရသာကတစ်မျိုးဖြစ်ပြီးစားလို့ကောင်းတာပါ (သုံးထားတဲ့ပစ္စည်းကိုပုံနဲ့ပြထားပါတယ်)။
- အရသာမြည်ပြီးလိုအပ်သလိုပြင်ဆင်ပြီးရင် ရှမ်းနံနံလေးအုပ်ပေးပါ။
No comments:
Post a Comment