ပါဝင်ပစ္စည်း
နျားနို့ - 250 ml
ပေါင်မုန့် အနားသားဖယ်ထားတာ - 3ချပ်
ကြက်ဥ - 3 လုံး
နို့မှုန့် -1 ထုတ်
ဂျူံ - ထမင်းစားဇွန်း 1 ဇွန်း
သကြား - ထမင်းစားဇွန်း 2 ဇွန်း
(အချို အရသာက မြည်းကြည့်ပီး ပြင်လို့ရပါတယ်နော် ဇွန်းအမောက်ကြီး မဟုတ်ပါ)
ပြုလုပ်နည်း
- ပါဝင် ပစ္စည်း အားလုံးကို ထည့်ပီး ကြိတ်စက်နဲ့ ကြိတ်ပေးပါ။
- သကြား ထမင်းစားဇွန်း 4 ဇွန်းကို ရေ မထည့်ဘဲ အရင်အပူပေးပါ.. မွှေစရာမလိုပါ။
- အိုးလေးကိုတော့ လှူပ်ပေးနော် သကြားအရည်ပျော်ပီး ညိုလာပီဆိုမှ ရေ တစ်ဇွန်လောက်ထည့်ပီး မွှေပါ..(တူးတက်လို့ သတိတော့ထားပေးပါနော် )
- လိုချင်တဲ့ အပျစ်ရရင်ပေါင်းမဲ့ ပန်းကန်ထဲ ထည့်ပီး အအေးခံပါ။
- ပီးရင်တော့ ကြိတ်ထားတဲ့ ပူတင်းအရည်ကို ထည့်ပီး မီးအေးအေးနဲ့ နာရီဝက် ပေါင်းရပါမယ်
- အချိန်ပြည့်လို့ ကျတ် မကျတ် သိရအောင် အလည်နေရာကို အချွန်တစ်ခုခုနဲ့ ထိုးကြည့်လို့ ဘာမှ ကပ်ပါမလာရင် ကျတ်ပါပြီ။
- ကျတ်ရင် အအေးခံပီးမှ.. အနားသားလေးကို ဓားနဲ့ အရာပေးခွာပီးပန်းကန်တစ်ခုထဲကို မှောက်ထည့် လိုက်ရင် ရပါပြီ။
No comments:
Post a Comment