ပါဝင်ပစ္စည်းများ
- မျှစ်ဝါ
- မျှင်ငပိ
- ငြုပ်သီးစိမ်း
- ကြက်သွန်ဖြူ
- ဟင်းချိုမှုန့်
ထောင်းနည်း
- မျှစ်ဝါ ကို ပထမဦးစွာ ပြုတ်ပါ။ ပြီးလျင် မျှစ်ဝါများကို သေးသေးလှီးထားပါ။ မျှင်ငပိကို မီးဖုတ်ပါ။
- ငြုပ်သီးစိမ်းများကို ရေအနည်းငယ် ထည့်၍ ပြုတ်လှော်ပါ။
- ပြီးလျင် ငြုပ်သီးစိမ်း ပြုတ်လှော်၊ ကြက်သွန်ဖြူ၊ ဟင်းချိုမှုန့် အနည်းငယ် တို့ကို ရောထောင်းပါ။
- ထို့နောက်လှီးထားသော မျှစ်ဝါများကိုပါ ရောပြီး ထည့်ထောင်းပါ။
- ငပိမီးကင်ကို နောက်ဆုံးမှ ထည့်၍ ထောင်းပါ။ မိမိနှစ်သက်ရာ အစပ် အပေါ့အငံအနေတော်ဖြစ်လျင် သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment