ပါဝင်ပစ္စည်းများ
- ဝက်သားသုံးထပ်သား
- ဝါးပိုးမျှစ်ချဉ်နုနု
- ဆနွင်း
- ဆီ
- ငရုတ်သီးစိမ်း
- သကြား
- အစိမ်းမှုန့် သို့အရောင်တင်မှုန့်
- အသားမှုနိ့
- ငံပြာရည်
- ဆား
- ကြက်သွန်နီ
ချက်ပြုတ်နည်း
1. ဝက်သားကိုရေဆေးပြီး ဆား နနွင်း အရောင်တင်မှုန် အသားမှုန့် သကြား နဲ့ နှပ်ထားပါမယ်။ 2. မျှစ်ချဉ်ကိုရေတစ်ထပ်ဆေး နောက်တစ်ရေကျရင်အချဉ်ရေကိုသွန်မပစ်နဲ့ မျှစ်ချဉ်ဖတ်ကိုရေစစ်ထားပါ။ 3. ဆီပူပူမှာ ဝက်သားနဲ့ငရုတ်သီးစိမ်းရယ်ကြက်သွန်နီရယ်ထောင်းပီးသားကို ရောပြီးဆီသတ်ပါမယ်။ 4. ရေစစ်ထားတဲ့မျှစ်ချဥ်ကို ထည့်လုံးမယ်။ 5. မွှေးနံ့ရရင် အရသာထည့်မယ် ခုနကဖယ်ခါးတဲ့မျှစ်ချဉ်ရေပြန်ထည့်ပါမယ်။
6. ပွက်ပွက်ဆူလာရင် အညာငရုတ်သီးထောင်းထည့်မွှေကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment