ကြက်ဥပူတင်းကတော့ ကလေး၊ လူကြီးမရွေးကြိုက်ကြတဲ့ အစားအစာတခုပါ။နိုင်ငံအမျိုးမျိုးလုပ်နည်း အမျိုးမျိုးရှိတဲ့ အထဲက ဒါကတော့ မြန်မာပြည်မှာရောင်းတဲ့ ကြက်ဥ ပူတင်းပုံစံလေးပါ။ လုပ်နည်းကတော့ လွယ်တဲ့အပြင် တခါသိရင်လုပ်တတ်တာမို့လုပ်စားကြည့်စို့။
ပါ၀င်သောပစ္စည်းများ
- ကြက်ဥ - ၃ လုံး
- နွားနို့ - ၁ ခွက် ( ၂၄၀ ml = ထမင်းစားဇွန်း ၁၆ ဇွန်း)
- သကြား - ထမင်းစားဇွန်း ၂ ဇွန်း
- နို့မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
- ထောပတ် - အနည်းငယ်
အချိုရည်အတွက်
- သကြား - ထမင်းစားဇွန်း ၂ ဇွန်း
- ရေ - ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ ပြုလုပ်မည့် ခွက်ကို ထောပတ်သုပ်ထားပါ။
- အိုးတခုထဲတွင် နွားနို့ကို အပူပေးပါ။ နွားနို့ပူလာလျှင် သကြားထမင်းစားဇွန်း ၂ ဇွန်း နှင့် နို့မှုန့် ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ထည့်ရ်ျ ပျော်အောင်ဖျော်ထားပါ။ ပြီးလျှင် အအေးခံထားပါ
- သကြားရည်ပြုလုပ်ရန်အတွက် အိုးအသေးတခုထဲတွင် သကြားထမင်းစားဇွန်း ၂ ဇွန်းနှင့် ရေထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ရ်ျ မီးအေးအေးဖြင့် ညိုလာသည်အထိတည်ပါ။ ညိုလာလျှင် မီးဖိုပေါ်မှချ၍ထောပတ်သုပ်ထား သော ခွက် ၂ ခုထဲကို အညီအမျှထည့်ပါ။ (သကြားရည်လုပ်လျှင် သတိထားပါ။ သကြားရည်အပူလောင်လျှင် အရမ်းဆိုးပါတယ်။ သကြားရည်ကလက်မှကပ်နေပြီးတော်တော်နဲ့ ခွာလို့မရလို့ပါ။
- အအေးခံထားသော သကြား၊ နို့မှုန့်ပါသော နွားနို့နှင့် ခလောက်ထားသော ကြက်ဥတို့ကိုရော၍သမအောင် လုပ်ပါ။ ပြီးလျှင် အခြား ပန်းကန်အကြီးထဲသို့ပူတင်းအ၇ည်များကို ဇကာအကျဲခံရ်ျ လောင်းချပါ
- ထို့နောက် ပန်းကန်အကြီးထဲမှ ပူတင်းအ၇ည်များကို ဇကာအစိပ်ခံရ်ျ ပြုလုပ်မည့် ခွက် ၂ ခွက်ထဲသို့အညီအမျှလောင်းထည့်ပါ။ ပြီးလျှင် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်ပါ
- ဘန်းတခုထဲကို ဘန်းရဲ့တ၀က်ခန့်ရေထည့်ပြီး ထို ဘန်းထဲသို့ပူတင်းဖုတ်မည့်ခွက်များထည့်ပါ။
- ပြီးလျှင် ၃၅၀'F (175'C) မှာ ၁၀ မိနစ်ခန့်အပူပေးထားသောOven ထဲတွင် မိနစ် ၅၀ ခန့်ထည့်ဖုတ်ပါ။ (ပေါင်းမည်ဆိုလျှင် ပေါင်းအိုးထဲတွင် ၁၂ မိနစ် (သို့) ၁၅ မိနစ်ခန့်ထည့်ပေါင်းပါ။)
- ပြီးလျှင် အအေးခံ၍အေးသွားလျှင် ပန်းကန်ပြားတခုကို ခံပြီး ပူတင်းပန်းကန်ကို မှောက်ချပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment