ပါဝင်ပစ္စည်းများ
- မုန့်ဖတ်အမျှင်သေးသေး-----50ကျပ်သား
- ငါးရွှေ --------------------------30ကပျြသား
- ငရုပ်သီးစိမ်း------------------25တောင့်
- ကြက်သွန်ဖြူအသဲ အခွန်ပါ--30တက်ခန့်
- စိမ်းစားငါးပိ------------------1ဇွန်း
- မန်းကျည်းသီးမှည့်-----------2ဇွန်း
- စပါးလင်---------------------2ချောင်း
- ပဒဲကောသဲသဲ---------------1တက်
- ငါးငံပြာရည်------------------လိုအပ်သလို
- ဟင်းခတ်မှုန့်------------------အနည်းငယ်
တွဲဖက်စားသုံးရန်
- ငရုပ်သီး ပြုတ်ထားရည်
- မန်းကျည်းမှည့်ရည်
- ပဲကြော် (သို့) ငါးဖယ်ကြော်
- ကြက်သွန်ဖြူ ဆီချက်
- နံနံပင် ပါးပါးလှီး
ပြင်ဆင်နည်း
- ငါးရွှေကိုငါးပိဇွန်းဝက် ငံပြာရည်အနည်းငယ် နနွင်းမှုန့်အနည်းငယ်ဟင်းခတ်မှုန့် အနည်းငယ်ဖြင့်နယ်ကာ
- စပါးလင်တစ်ခုကို ဓားပြုတ်ရိုက်ကာရေလေးမြှုပ်ရုံထည့်ကာနှူးသွားသည်အထိပြုတ်ပေးပါ။ရေမခမ်းခင်ငါး ခူနှူးသွားပြီဆိုတာနဲဆယ်ယူအအေးခံကာအသားတွေနွှင်ပါ။
- မန်းကျည်းသီးမှည့်ကိုလဲ ရေနွေးစိမ်ထားပါ။
- ငရုပ်သီးစိမ်းတွေကို နှူးအောက်ပြုတ်ပြီးညက်နေအောင်ထောင်းပါ။
- ငါးဖယ်ကိုအရသာထည့်နယ်ပြီးမိမိလိုချင်တဲ့ပုံစံလေးတွေကြော်ပြီးဆီစစ်ထားပါ။
- ကြက်သွန့်ဖြူကိုပါးပါးလေးတွေလှီးပြီး နနွင်းမှုန့်လေးနဲ့အတူဆီကိုသတ်ထားပါ။(ဆီများဖို့ မလိုအပ်ပါ)
ချက်နည်း
- ပထမဆုံးအိုးတစ်လုံးမှာငါးပြုတ်ရည်ကိုစစ်ထည့်ပြီးလက်ကျန်ငါးပိကြက်သွန်ဖြူထောင်းပဒဲကောကိုပါးပါးလှီးထည့် ငြုပ်ကုပ်စေ့တစ်ဇွန်းကိုမညက်ညက်ထောင်းထည့်ပြီးစတင်အပူပေးပါ။
- ထွက်လာတဲ့အညစ်အကြေးနဲ့အမြုပ်တွေကိုစစ်ထုပ်ပါရေအနည်းငယ်ဖြည့်စွက်ပြီးထိုနည်းအတိုင်းပြုလုပ်ပါ (ဟင်းရည်ကြည်လင်စေရန်ဖြစ်သည်။)
- အညစ်အကြေးအမြုပ်တွေကုန်စင်ပြီဆိုတာနဲ့ဟင်းရည်ထဲမှာပါနေတဲ့အရာတွေအားလုံးကိုဇကာတစ်ခုနှင့် ပြန်စစ်ထုပ်လိုက်ပါ။
- မီးဖိုပေါ်ပြန်တင်ပြီး ငါးအသားနွှင်ထည့်တွေထည့်ကာမီးလျှော့ချပြီးတပွက်ဆူမှာဟင်းရည်ကျအောင် ပြန်တည် ထားပါ။အရသာ(လိုအပ်ပါက) ဖြည့်စွက်ပါ။
- ငရုတ်သီးပြုတ်ထောင်းတာရယ် ငါးနွှင်ထားတဲ့အသားတွေရယ် မုန့်ဟင်းရည်အနည်းငယ်ဟင်းခတ် မှုန့်ဆား တို့ ထည့်တာ ကြေအောင်စက်ဖြင့်ကြိတ်ပါ။
- မုန့်ဖက်တစ်ပွဲစာထည့်ထားတဲ့ပန်းကန်ထဲကိုဟင်းရည်လောင်းချကာပဲကြော်(သို့)ငါးဖယ်ကြော်ကြက်သွန်ဖြူဆီချက်လေးထည့်ကာ
- ငါးငရုပ်သီးစိမ်းအနှစ်မန်းကျည်းမှည့်ရည် နံနံပင် ငံပြာရည်တို့ကိုတော့စားသူအကြိုက်ထပ် ဖြည့်နိုင်ပါတယ်။
No comments:
Post a Comment