ပါဝင်ပစ္စည်း
- မျှစ်
- ရုံးပတီသီး
- ခရမ်းချဉ်သီး 1 လုံး
- ဆူးပုတ်ရွက်
- ငရုပ်သီးစိမ်း
- ခရုဆီအနည်းငယ်
ပြင်ဆင်ထားရန်
- မျှစ်ဖြူ 300 ဖိုးကို ရေဆေးပြီး လှီးထား။
- ရုံးပတီသီး 200 ဖိုးကိုလည်း တစ်ထောင့် သုံးပိုင်းခန့်ကိုစောင်းစောင်းလေး လှီးထား။ လှီးပြီးမှ ကေမဆေးပါနဲ့ ၊ ရေအရင်ဆေး၊ ရေပြောင်အောင် တစ်ရှူးလေးနဲ့ သုတ်ပြီးမှ လှီးပါ။ မဟုတ်ရင် အရမ်းချွဲပါတယ်။
- ဆူးပုတ်ရွက် (၁) စီး တင်ထား။
- ငရုပ်သီး အမှည့်ထောင့်( အခြောက်မဟုတ်ပါ)
- ကိုလည်း စောင်းစောင်းလေး လှီးထားပါ။
- .
- တရုတ်ကြက်သွန်ဖြူ အမြှောင့်ကြီး (၃) မြှောင့်ခန့်ကို မကြေတကြေလေး တစ်ပြားရိုက်ထားပါ။
ချက်ပြုတ်နည်း
_____________
- ပထမဆုံး ဆီပူထဲကို နနွင့်းနည်းနည်းထဲ့ ပြီး ခရမ်းချည်သီးတစ်လုံးကို အိနေအောင် ကြော်ပါ။ (ရေနွေလေး နည်းနည်းထဲ့)
- .
- အိလာပါက ငပိ မြေပဲဆံစိခန့်ထဲမွှေပါ။ ငပိနှံ့ရင် ခရုဆီလေး နဲနဲထည့်ပါ ( မထည့်က ရပါသည်။)
- အရသာ နဲနဲစီထဲ့(နဲနဲပဲ)၊ ကြက်သွန်ဖြူ ၊ မျှစ်ဖြူ၊ ငရုပ်နီထောင့် ထဲ့လှိမ့်ပါ။
- ငရုပ်နီထောင့်လေး ပျော့သွားပြီဆို ဆူပုတ်ရွက် ၊ ရုံးပတီသီးထဲ့ ၊ ရေလေးနဲနဲထဲ့ပြီး အုပ်ထား။ (၃) မိနစ်ကနေ (၅) မိနစ်အတွင်းဆိုရပါပြီ။
ဆူးပုတ်နံ့သင်းသက်းမွှေးမွှေးလေးနဲ့ စားမြိန်ပါတယ်
No comments:
Post a Comment