ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ ထမင်းမြိန်စေမယ့် ကြက်သားရခိုင်သုပ်လေး။
ပါဝင်ပစ္စည်းများ
- ကြက်သား - ၂ဝဝ ဂရမ်
- ငရုတ်သီးစိမ်း/နီ - ၁၀ တောင့်
- ကြက်သွန်ဖြူ - ၆ မြွှာ
- သကြား - အနည်းငယ်
- ကြက်သွန်နီ - ၂ လုံး
- သံပရာသီး - ၂ လုံး
- ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
- စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား - အနည်းငယ်
- ကြက်သွန်မြိတ် - ၃ ပင်ခန့်
- ခရမ်းချဉ်သီး - ၂ လုံး
- ရှောက်ရွက် - ၇ ရွက်ခန့်
ပြုလုပ်နည်း
ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း/နီတို့ကို အနံ့မွှေးလာသည်အထိလှော်ပါ။ လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ ကို ထောင်းပါ။ ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။ ဆား၊ သကြား၊ ငံပြာရည် ထည့်ပြီးနှံ့စပ်အောင် နယ်ပါ။ ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ကြက်သွန် မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး နှံ့အောင်မွှေထားပါ။ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံး ဆောင်နိုင်ပါပြီ။
No comments:
Post a Comment