လိုအပ်ပစ္စည်း
- ဝက်ခြေထောက် - 2 kg ခန့် (၁ ပိသာ ၃၀ ကျပ်သားခန့်)
- ၈ စိတ်ကွဲလှီးထားသော ကြက်သွန်နီအသေး - ၅ လုံး
- ထောင်းထားသော ကြက်သွန်ဖြူ - ထမင်စားဇွန်း ၁ ဇွန်း
- ထောင်းထားသော ငရုတ်သီးစိမ်း - ထမင်စားဇွန်း ၂ ဇွန်း (အစပ်ကိုယ်စားနိူင်သလောက်ထည့်ပါ။)
- စိမ်းစားငါးပိ - ထမင်စားဇွန်း ၁ ဇွန်း
- မန်ကျဉ်းသီးအနှစ် - ထမင်စားဇွန်း ၂ ဇွန်းခွဲ
- နနွင်းမှုန်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရောင်တင်မှုန်. - ထမင်စားဇွန်း ၁ ဇွန်းခွဲ
- ဆား - ထမင်စားဇွန်း ၁ ဇွန်း
- အရသာမှုန့် - ထမင်စားဇွန်း ၂ ဇွန်းခွဲ
- ဆီ - ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း
ချက်ပြုတ်ပြင်ဆင်နည်း
-
ဝက်ခြေထောက်ကို မီးနှင့် အနည်းငယ်မြှိုက်ပေးပါ။
(အမွှေးများကျွမ်းသွားစေပါဟင်းအနံ့ပိုကောင်း စေရန် နှင့် ဝက်ခြေထောက်
အရောင်လှစေဖို.ပါ။)
- မီးမြှိုက်ထားသော ဝက်ခြေထောက်၊ ကြက်သွန်နီ၊
ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိ၊ မန်ကျဉ်းသီးအနှစ်၊ နနွင်း၊ ဆား၊ အရသာမှုန်.၊
ရောင်တင်မှုန်. နှင့် ဆီတို့ကို အိုးတစ်လုံးထဲ ထည့်ပါ။
- အားလုံးကိုသေသေချာချာရောနယ်ကာ နာရီဝက်ခန်.နပ်ထားပါ။
- နာရီဝက်နပ်ပြီးလျှင် ရေမထဲ့သေးပဲ နှင့် ၁၀ မိနစ်ခန်.မွှေပြီးလုံးပါ။
- ပြီးလျှင် ရေ ၄ ခွက် (1000 ml) ထည့်ကာ high heat နှင့် မိနစ် ၂၀ ခန်.တည်ပါ။
- ပြီးနောက် medium heat သို.လျှော့ကာ နောက်ထပ်နာရီဝက်ခန်.တည်ပါ။(၃၊ ၄ ခါလောက်မွှေပေးပါ။)
အသားလေးနူးကာ အရည်ခပ်ပြစ်ပြစ်လေးဖြစ်လာလျှင် မီးကိုပိတ်ပြီး
ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနှင့် အိအိလေးဖြစ်နေသော ဝက်ခြေထောက်
ရခိုင်ချက်ကိုအရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment