ပါဝင်ပစ္စည်းများ
- သုံးထပ်သား (သို့) အဆီ အသား မျှသော ဝက် – ၁ ကီလို (၆၅ ကျပ်သား) ခန့်
- ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆီ – 3/4 cup (180 ml)
- ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – 3 cups (750 ml) ခန့်
- ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသာ ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
- ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း တစ်ဝက်ခန့်
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
- အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- အတုံး ကြီးကြီးလှီးထားသော အာလူး – 2 cups (500 ml) ခန့်
- မဆလာ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ရေနွေး – 3 cups (750 ml) ခန့်
- ပျဉ်းတော်သိမ်ရွက် (curry leave) – ၁၅ ရွက်ခန့်
ချက်နည်း
- ဝက်သားကို ဆား၊ chicken powder တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
- ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းကို high heat ဖြင့် ဆီသတ် (မွှေကြော်) ပေးပါ။
- ကြက်သွန်များ ရွှေဝါညိုနုရောင်ပြောင်းလျှင် medium heat သို့လျှော့ပြီး
နနွင်းမှုန့် နှင့် အရောင်တင်မှုန့် ထည့်ကာ ၃-၄ ချက်မွှေကြော်ပေးပါ။
- ပြီးနောက် အားလူးထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။
- နှပ်ထားသော ဝက်သားနှင့် မဆလာထည့်ကာ အသားထဲမှ အရည်များကုန်အောင် မွှေကြော်ပေးပါ။
- ရေနွေး ၃ ပုံ ၂ ပုံခန့် ထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၂၅
မိနစ်ခန့် တည်ပါ။ (ထိုအချိန်အတောအတွင်း အိုးမကပ်စေရန်
အပေါ်အောက်လှန်ပြီးမွှေပေးပါ။)
- အသား နှင့် အာလူး မနူးသေးပါက ကျန်သည့် ရေနွေး ထပ်ထည့်၍ ဆက်ပြီးတည်ထားပါ။
- အသား နှင့် အရည်အနေအထား မိမိစိတ်ကြိုက်ဖြစ်လျှင်
ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၃-၄ ချက်ခန့် မွှေပြီးနောက် မွှေးကြိုင်
နူးအိစားကောင်းလှသော မဆလာ ဝက်အာလူးလေး အရသာရှိစွာ သုံးဆောင် ရန်
အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment