ရွှေကြည်ပူတင်း


ရွှေကြည်ပူတင်းလေးကတော့ လူတိုင်းကြိုက်မှာသေချာပါတယ်။ ကလေးကော လူကြီးပါ နှစ်သက်ပြီး အားလဲရှိ စားလို့လဲကောင်းလို့လုပ်စားကြည့်ရအောင်။

ပါ၀င်သောပစ္စည်းများ (၈ x၈ လက်မ တဘန်းစာ)

  • နွားနို့- ၇၅၀ ml
  • သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
  • ရွှေကြည် - ထမင်းစားဇွန်း ၈ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်ဥ - ၂ လုံး
  • ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း

(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

ပြုလုပ်နည်း

၁။ ကြက်ဥကို ခလောက်ထားပါ။
၂။ အိုးတခုထဲကို နွားနို့၊ သကြား၊ ဆားတို့ကိုထည့်၍ အပူပေးပါ။ အနည်းငယ်ပူလာလျှင် ထောပတ်ကိုထည့်ပါ။ (ထောပတ်အခဲကိုထည့်လျှင် အရည်ပျော်သွားသည်အထိစောင့်ပါ။)
၃။ ထောပတ်ထည့်ပြီးလျှင် ရွှေကြည်ကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။အဆက်မပျက်မွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားလျှင် မီးဖိုပေါ်မှချပါ။
၄။ မီးဖိုပေါ်မှချပြီး ၅ မိနစ်လောက်နေလျှင် ခလောက်ထားသော ကြက်ဥကို အိုးထဲကိုထည့်၍သမသွားအောင် မွှေပါ။
၅။ ထို့နောက်ဆီသုတ်ထားသော ဘန်းထဲကိုထည့်ပါ။
၆။ အပူချိန် ၃၅၀'F (၁၈၀'C) မှာအပူပေးထားသော မုန့်ဖုတ်စက်ထဲကို မိနစ် ၅၀ ထည့်ဖုတ်ပါ။ မိနစ် ၅၀ ပြည့် လျှင် အပူချိန်ကို ၄၅၀ 'F (230'C) မှာထားပြီး ၁၀ မိနစ်ဖုတ်ပါ။ အပေါ်ယံမျက်နှာပြင် ညိုလာပါလိမ့်မည်။
၇။ အအေးခံ၍ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးပြီး သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard