မြေအိုးဝက်သားနှင့်ငါးပုပ်ခြောက်


ဒီဟင်းလေးက တရုတ်လိုဆိုရင် “Ham Yu Fa Lam Pou” လို့ခေါ်ပါတယ်။ ဒီဟင်းလေးမှာ ငါးပုပ်ခြောက် ရဲ့ အရသာပြီးရင် ငရုတ်သီးခြောက်ရဲ့ အစပ်အရ သာနဲ့ ဝက်သားချိုချိုလေးရဲ့ အရသာတွေပေါင်းစပ် ထားတဲ့ ဟင်း လေးဖြစ်လို့ မြန်မာအကြိုက်လည်းဖြစ်ပါတယ်။ မြန်မာပြည်က တရုတ်စားသောက်ဆိုင်တွေမှာ ရှိရင်ရှိနေ နိုင်ပါတယ်။ ချိုချဉ်ကြော်လို၊ ကုန်းဘောင်ကြီးကြော်လို အလွယ်ရနိုင်တဲ့ဟင်းမျိုးမဟုတ်လို့ ချက်ကြည့်ပြီး မြည်းစမ်းကြပါစို့။

ပါဝင်ပစ္စည်းများ

  • . ဝက်သား (အဆီနှင့် အသား ) - 320 gm (ပါးပါးလှီးထားပါ)
  • . ငါးပုပ်ခြောက် - 160 gm (အတုံးသေးသေးတုံးပြီး ကြော်ထားပါ)
  • . ခရုဆီ - စားပွဲဇွန်း ၃ ဇွန်း
  • . တရုတ်နှမ်းဆီမွှေး - စားပွဲဇွန်း ၁ ဇွန်း
  • . သကြား - စားပွဲဇွန်း ၁ ဇွန်း
  • . ငရုတ်ကောင်းမှုန့်အဖြူ - စားပွဲစားဇွန်း တစ်ဝက်
  • . ချင်း - 90 gm
  • . ကြက်သွန်နီ - ၄ လုံး (လေးခြမ်း ခြမ်းထားပါ)
  • . ငရုတ်သီးခြောက် - ၆ တောင့် (အစေ့ထုတ်ပြီး လေးပိုင်းပိုင်းထားပါ)
  • . ကြက်သွန်မြိတ် - ၄ ပင် (အရှည်လိုက်လေးပိုင်းပိုင်းထားပါ)
  • . တရုတ်ဆန်အရက် - စားပွဲဇွန်း ၂ ဇွန်း
  • . ပဲငံပြာရည်အပျစ် - စားပွဲဇွန်း ၆ ဇွန်း
  • . ကြက်ပြုတ်ရည် (သို့) ရေ - စားပွဲဇွန်း ၈ ဇွန်း

ချက်ပြုတ်နည်း

  1. ပထမဦးဆုံး ပါးပါးလှီးထားတဲ့ဝက်သားကို ခရုဆီ၊ နှမ်းဆီ မွှေး၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ရောနယ်ပြီးနှပ်ထား ပါ။
  2. အားလုံးအဆင်သင့်ဖြစ်လျှင် မြေအိုးကိုမီးဖိုပေါ်တင်ပြီး အပူပေးပါ။ မြေအိုးပူသည်နှင့် နှပ်ထားသော ဝက်သား၊ ချင်းနှင့် ကြက်သွန်နီထည့်ပါ။ ပြီးလျှင် အဖုံးဖုံးပြီး ၂-၃ မိနစ်ခန့်ချက်ပါ။ ပြီးလျှင် အဖုံးဖွင့်ပြီး ငရုတ်သီးခြောက်၊ ငါးပုပ်ခြောက်ကြော်၊ ဆန်အရက်၊ ပဲငံပြာရည်အနောက်၊ ကြက်ပြုတ်ရည်ထည့်ပါ။ အဖုံးပြန်ပိတ်ပြီးချက်ပါ။
  3. အငွေ့ထွက်လာပြီဆိုရင် အဖုံးဖွင့်ပြီး ကြက်သွန်မြိတ်ထည့် မွှေပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment

@templatesyard