ပရိုတိန်းနဲ့ အသီးအရွက်လည်းပါပြီး တစ်ပွဲတည်းနဲ့ ထမင်းမြိန်စေမယ့် ဟင်းပွဲလေးတွေ ရွေးချယ်ချက်ချင်သူတို့ အတွက် ဝက်သားလုံးချိုချဉ်ချက်နည်းလေးပါရှင်။
ဝက်သားလုံးကြော်
- ဝက်သားကြိတ်သား – ၃၂၀ ဂရမ် ( ၂၀ ကျပ်သားခန့်)
- ကွကျဥအကာ – ၁ လုံး
- ကြက်သွန်ဖြူ – ၄ မြွှာ
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ပြောင်းကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
- ဆား – အနည်းငယ်
- သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေခဲရေ – စားပွဲဇွန်း ၂ ဇွန်း
- ဘိတ်ကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
တွဲဖက်ကြော်ရန်
- ငရုတ်ပွအနီ – ၁ ခြမ်း (လေးထောင့်အတုံးလေးများ လှီးထားပါ)
- ငရုတ်ပွအစိမ်း – ၁ ခြမ်း (လေးထောင့် အတုံးလေးများ လှီးထားပါ)
- ကြာစွယ် – ၂၄၀ ဂရမ် (၁၅ ကျပ်သားခန့်) (အဝိုင်းလှီးပြီး ၄ စိတ် ပြန်စိတ်ပါ)
- ဘရိုကိုလီ – ၈၀ ဂရမ် (၅ ကျပ်သားခန့်) (အရွယ်တူညီညီ လှီးထားပါ)
- ငုံးဥပြုတ် – ၁၀ လုံး
ဆော့စ်ပြုလုပ်နည်း
- ခရမ်းချဉ်သီးဆော့စ် – စားပွဲဇွန်း ၁ ဇွန်း ( ခရမ်းချဉ်သီးအနှစ်ဆော့စ်)
- ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပြာရည် အပျစ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား – သင့်ရုံ
- ပဲငံပြာရည်အကျဲ – စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပြောင်းကော်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ – ဆန်ခြင်ခွက် ၁ ခွက် (၁၆၀ မီလီလီတာ)
- ချင်းပါးပါး – ၁ ပြား
- ကြက်သွန်ဖြူ – ၄ မြွှာ (ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ)
- ကြက်သွန်မြိတ် – ၁ ပင် (၁ လက်မအရွယ်လေးများ ဖြတ်ထားပါ)
ချက်နည်း
- ဝက်သားလုံးကြော်ရန်အတွက် ဝက်သားကြိတ်သားမှ သကြားအထိ ပါဝင်ပစ္စည်းများကို ဇလုံတစ်လုံးမှာ နယ် ပါ။ ရေခဲရေနဲ့ ဘိတ်ကင်ပေါင်ဒါကို ရောမွှေပြီး အသားနဲ့ ရောနယ်ပါ။ စေးပိုင်လာတဲ့အခါ ရေခဲသေတ္တာ အခဲထပ်မှာ ၁ နာရီခန့် ထည့်ထားပါ။
- အသားနှပ်ထားစဉ်မှာ အသီးအရွက်များကို အဆင်သင့် လှီးထားပါ။
- ရေခဲသေတ္တာထဲက အသားကိုထုတ်ပြီး အလုံးလေးများ လုံးကာ ဆီပူမှာ ကျက်သည်အထိ ကြော်ပါ။ ပြီးလျှင် ခပ်ပြီး ဆယ်ထားပါ။
- ဆီပူထဲ အသီးအရွက်များကို ၄၅ စက္ကန့်ခန့် ထည့်ကြော်ပြီး ဆယ်ထားပါ။
- ဆော့စ်ချက်ရန်အတွက် ခရမ်းချဉ်သီးဆော့စ်မှ ရေအထိ ပါဝင်ပစ္စည်းများ ရောစပ်ထားပါ။
- အိုးမှ ဆီကိုအနည်းငယ်သာ ချန်ပြီး ခပ်ထုတ်ပါ။ ကျန်တဲ့ ဆီမှာ ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်ကို ၁၀ စက္ကန့် မွှေကြော်ပါ။ အသင့်စပ်ထားသော ဆော့စ် အရည်ကို မွှေပြီးမှ အိုးထဲလောင်းထည့်မွှေပါ။ အရောင်ကြည်ပြီး ပျစ်လာလျှင် အသင့်ကြော်ထားတဲ့ ဝက်သားလုံးနှင့် အသီးအရွက်တို့ကို ရောမွှေပြီး ပန်းကန်ထဲထည့်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment