ချက်နေကျငရုတ်သီးအနှစ်နဲ့မချက်ဘဲ ငရုတ်ကောင်းထည့်ပြီး ငရုတ်ကောင်းအပူရှိန်ရှိန်လေးနဲ့ ဝက်သား ကင်ပွန်းချဉ်ဟင်းလေးကို ကိုယ်တိုင်လိုက်ချက်စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား - ၃ဝ သား
- ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ချင်းထောင်းပြီးအရည် - ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် - အနည်းငယ်
- ရေနွေးဆူပြီးသား - ၃ ခွက်
- ကင်ပွန်းချဉ်ရွက်ခြွေပြီး - ပန်းကန်လုံး ၂ လုံး
- ငရုတ်သီးနီအပွတောင့်ပါးပါးလှီးပြီး - ၂ တောင့်
ချက်ပြုတ်နည်း
- ဝက်သားများကို အနေတော်အတုံးလေးများတုံးပြီး ငရုတ်ကောင်း၊ သကြား၊ ဆား၊ ချင်းရည်၊ နနွင်းမှုန့်တို့ဖြင့် နယ်နှပ်ပြီး ဆီလုံးဝမပါဘဲ ဟင်းချက်မယ့်အိုးမှာ ဝက်သား မှအဆီများထွက်လာသည်ထိ လုံးတည်ပါ။ မကြာခဏမွှေပေးပါ။
- ဝက်သားအရောင်ပြောင်းပြီး အသားတင်းလာလျှင် ရေနွေးအသားတုံးမြုပ်ရုံထည့် ပြီး တစ်ရေခန်းအောင် မီးပျော့ပျော့နှင့်တည်ထားပါ။
- တစ်ရေခန်းကာနီးရင် ကင်ပွန်းချဉ်ရွက်များခတ်ပြီး နွမ်းလာသည်အထိမွှေပေးပါ။
- ကင်ပွန်းရွက်များနွမ်းပြီး အရည်စွတ်စွတ်အနေအထားဖြစ်ရင် ပါးပါးလှီးပြီးသား
ငရုတ်သီးများခတ်ပြီး အနည်းငယ်မွှေပေးကာ အရသာမြည်းပြင်ဆင်ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment