ပါဝင်ပစ္စည်း (7"×11" မုန့်ဗန်းတစ်ဗန်းစာ)
- ဖီးကြမ်းငှက်ပျောသီးမှည့် ၅လုံး
- မွှေးဂျုံမှုန့် ၁ထုပ်
- မွှေးရွှေကြည်မှုန့် အထုပ်တစ်ဝက်
- သကြား ထမင်းစားဇွန်း ၁၀ဇွန်း (အချိုကြိုက်ရင် ပိုထည့်ပါ)
- ဆား လဘက်ရည်ဇွန်းတစ်ဝက်
- အုန်းသီးခြစ်မှုန့် တူစားပန်ကန်းလုံးတစ်ဝက်ခန့်
- နွားနို့ ကော်ဖီပန်းကန်လုံးတစ်လုံးလျော့လျော့ (၁၀၀ ml ခန့်)
- အုန်းနို့ဗူးကြီး တစ်ဝက် (၂၀၀ ml ခန့်)
- ထောပတ် ထမင်းစားဇွန်း ၇ဇွန်း
ပြုလုပ်နည်း
- ဂျုံနဲ့ရွှေကြည်မှအပ ကျန်အမယ်အားလုံးကို blender နဲ့ မွှေပါ။
- ကြေညက်သွားပြီဆိုမှဇလုံတစ်ခုထဲလောင်းထည့် ပြီးဂျုံမှုန့် ရွှေကြည်မှုန့်တို့နဲ့ ရောပြီး သမအောင်နယ် ပေးပါနောက်ဆုံးမှာ Food colour အနီရောင် လဘက်ရည် ဇွန်း သုံးပုံတစ်ပုံခန့်ထည့်ပြီး နှံ့စပ်အောင် မွှေပေးပါ။
- မုန့်ဖုတ်မယ့်ဗန်းကို ထောပတ်အနည်းငယ်သုပ်ပြီး မုန့်နှစ်လောင်းထည့်ပါ မျက်နှာပြင်ညှိပေးပြီးထောပတ် အနည်းငယ်သုပ်ပေးပါ။
- ဘိန်းစေ့ဖြူးပါ oven ထဲမှာ အပေါ်မီးအောက်မီး ၂၅၀ံ စင်တီဂရိတ်နဲ့ မိနစ် ၄၀လောက် ထားပေးလိုက်ရင် ရပါပြီ။
(ငှက်ပျောသီးအစား ကန်စွန်းဥ အာလူးတို့နဲ့လဲလုပ်လို့ရပါတယ်)
No comments:
Post a Comment