ကုလားပဲဟင်း၊ ဝက်နံရိုးကို စပါးလင်အရသာနှင့် ပေါင်းစပ်ပြီး ဟင်းတစ်ခွက်ချက်လိုက်တဲ့အခါ မည်သည့် အချိန်ချက်ချက် ထမင်းမလောက်၊ ဟင်းမလောက်အောင် ဖြစ်ခဲ့ရတဲ့ အကြိမ်လည်း မနည်းတော့ပါ။ ဒါကြောင့် အားလုံးလည်း ကြိုက်နှစ်သက်မှာပါ။ ချက်ကြည့်လိုက်ကြစို့။
ပါဝင်ပစ္စည်းများ
- ဝက်နံရိုးနုနု - ၃၀ ကျပ်သား
- ကုလားပဲ - ၁ ခွက် (ချင်း၊ ကြက်သွန်ဖြူထည့်ပြီး မကျက်တကျက်ပြုတ်ထားပါ)
- ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
- မန်ကျည်းနှစ် - စားပွဲဇွန်း ၁ ၁/၂ ဇွန်း (အရည်ဖျော်ထားပါ)
- ပျဉ်းတော်သိမ်ရွက် - ၂ ပင် (အပင်ရိုးပါ ထည့်ချက်ပါ)
- ရေ - ၂/၃ ခွက်
အနှစ်လုပ်ရန်
- ကြက်သွန်နီ - ၅ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ - ၄ မြွှာ (ထောင်းထားပါ)
- ချင်း - လက်တစ်ဆစ် (ထောင်းထားပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
- ငရုတ်သီးမှုန့် - လက်ဖက်ဇွန်း ၁ ၁/၂ ဇွန်း
- ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
- ပုစွန်ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
- စပါးလင် - ၁ ချောင်း (ထုထောင်းထားပါ)
ချက်ပြုတ်နည်း
- အိုးပူလာလျှင် ဆီထည့်၍ အိုးထဲ အုပ်စု (က)မှ ပစ္စည်းအားလုံးထည့်ပြီး ဆီသတ်ပါ။
- ရွှေရောင်သန်းပြီး မွှေးလာလျှင် ဝက်နံရိုးထည့်ပြီး တည်ပါ။
- အသားလုံးမွှေးပြီး ကျက်လာလျှင် ရေကို နည်းနည်း ချင်းထည့်ကာ ဆူသည်အထိ တည်ပါ။
- ရေအနည်းငယ်ခန်းစပြုလာလျှင် ပြုတ်ထားသော ကုလားပဲရောပါ။ ၅ မိနစ်ခန့်
တည်ပြီးလျှင် ကျန် ပစ္စည်းများ ထည့်ပါ။ ရေ ၂၊ ၃ ခွက်ခွဲလောက် ထပ်ထည့်ပါ။
ရေဆူလာသည်အထိ တည်ပါ။ ဆား မြည်းပြီး လိုတာထပ်ဖြည့်ထည့်ပါ။ ပျဉ်းတော်သိမ်
ရွက် အုပ်ပါ။ ထမင်းနှင့် ပူပူလေးသုံးဆောင်လျှင် စားမြိန်ပါတယ်။
No comments:
Post a Comment