ကြက်ကောက်ညှင်း

" ထမင်းပေါင်းအိုးနဲ့ချက်တဲ့ ဝက်ကောက်ညှင်း၊ကြက်ကောက်ညှင်း "

ဝက်ကောက်ညှင်း၊ကြက်ကောက်ညှင်းထမင်းပေါင်းအိုး နဲ့ချက်ပါတယ်။

  1. ကောက်ညှင်းဆန်(ထမင်းပေါင်းအိုးခွက်၂ခွက်)ကို ည တ ညရေစိမ်ထားရပါမယ်။
  2. ကြက်ဥ (၃)လုံးပြုတ်ပါမယ်။ကြက်ဥပြုတ်ပါတ်လည်မှာဒါးနဲ့အရာသေးသေးလှီးထားပါ။
  3. ဝက်ခြေထောက်/ကြက်ပေါင်လုံးသား ကို Vinegar နဲ့ဆေးပါတယ်။ ဆား/သကြား/တရုတ်မဆလာ အနည်း ငယ်၊seasoning sauce အနည်းငယ်တို့နဲ့သမအောင်ရောမွှေပြီး(၁၅)မိနစ်နှပ်ထားပါ။
  4. Pressure Cooker နဲ့(၃၅)မိနစ်ပိုပိုပေါင်းပြီး အပူရှိန်ကျန်နေသေးတဲ့ဝက်ပေါင်းရည်ထဲကြက်ဥပြုတ်တွေ ထည့်ပြီးအဖုံးပြန်အုပ်ထားပါ။ ပြုတ်ရည် အရသာနဲ့ကြက်ဥ လည်းပြုတ်ရည်အရောင်ဖြစ်လာပါတယ်။
  5. ဝက်သားတုံးကိုဆယ်ပြီးအရိုးထုတ်ထားရပါမယ်။ကြက်ဥပြုတ်ကိုလည်း ထက်ခြမ်းခွဲထားရပါမယ်။
  6. Rice Cooker ထဲ တည ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့်ပြီး ဝက် ပေါင်းရည် ထမင်းပေါင်းအိုးခွက် (၃)ခွက်ထည့်ပါမယ်။
  7. မိမိသုံးတဲ့ကောက်ညှင်းဆန်ပေါ်မူတည်ပြီး အတိုး/အဆုတ်လုပ်ရပါမယ်။
  8. ဆူပွက်လာရင်မိမိနှစ်သက်သည့်အစေ့အဆံ၊ပါးပါးလှီးထားတဲ့ဝက်အူချောင်းထည့် မွှေပေးရပါမယ်။ အရိုးထုတ်ထားတဲ့ဝက်သားပေါင်း အနေတော်အရွယ်ခြမ်းထားတဲ့ကြက်ဥပြုတ်တလုံးပါထည့်ပြီး ခလုတ်တက်လာရင်ကျက်ပါပြီ။အပူရှိန်အကျန်နဲ့ဆက်ထားပေးပြီး သေချာနပ်သွားရင်စားလို့ရပါပြီ။
  9. ကြက်သားနဲ့လည်းထိုနည်းတူစွာလုပ်လို့ရပါတယ်။

No comments:

Post a Comment

@templatesyard