မလိုင်ပေါက်ဆီလုပ်နည်း


မလိုင်ပေါက်ဆီ လုပ်နည်းမျှဝေပေးလိုက်ပါတယ်။ အီအီဆိမ့်ဆိမ့် ချိုချိုနဲ့လူကြိုက်များတဲ့ မလိုင်ပေါက်ဆီကို လုပ်စားကြည့်ကြစို့။

ပါ၀င်သောပစ္စည်းများ (တပွဲစာအတွက်)

  • ပေါက်ဆီအလွတ် (မန်ထို) - ၂ လုံး
  • နွားနို့ပူပူ - ၁ ခွက် (240 ml)
  • နို့စိမ်း - ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
  • ထောပတ်အရည် - လက်ဖက်ရည်ဇွန်း တ ၀က်
  • မလိုင် - ထမင်းစားဇွန်း ၁ ဇွန်း
  • နို့ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သီဟိုဉ်စေ့ - အနည်းငယ်
  • အုံးသီးခြစ်ဖတ် - အနည်းငယ်
  • စပျစ်သီးခြောက် - အနည်းငယ်
  • ဖရုံယို - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

  1. နွားနို့ကို ပူကျက်နေအောင်လုပ်ထားပါ။
  2. ပန်းကန်ထဲမှာ ပေါက်ဆီအလွတ်ကို ထည့်ပြီး တခုစီကို ၂ ပိုင်းဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ထားပါ။
  3. ပေါက်ဆီ ပေါ်ကို နွားနို့ပူပူဆမ်း၊ မလိုင် နှင့် နို့စိမ်းထည့်၊ နို့ဆီကို အနှံ့ဆမ်း၊ သကြား၊ သီဟိုဉ်စေ့၊ အုံးသီးခြစ်ဖတ်၊ စပျစ်သီးခြောက်၊ ဖရုံယို တို့ကို အနှံ့ဖြူး၊ နောက်ဆုံးမှ ထောပတ်အ၇ည်လေးကို အနှံ့ဆမ်း၍သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard