ချက်ပြုတ်နည်း
- ကြက်သွန်ဖြူ ကြိတ်ထားပါ။
- ကြက်ပြုတ်ရည် ထည့်ထားပါ။
- အသီးအရွက်များကို လှီးဖြတ်ထားပါ။
- ကြက်သား သို့ ဝက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။
- ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။
- မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။
- ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )
- အသား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )
- ဥနီ,ရေပြောင်း,ရွှေပဲ,ပန်းဂေါ်ဖီ,မှို,ငုံးဥတို့ကို ထည့်ကြော်ပေးပါ။
- ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )
- ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။
- ခရုဆီ ထည့်မွှေပါ။
- အချိုမှုန့်,ဆား,ငရုတ်ကောင်း ထည့်ပါ။
- ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး
- အသီးအရွက်များကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့
- ဟင်းရည် ဆူပွက်နေချိန်မှာ
- ပန်းကန်ထဲ အသင့်ခူးထားတဲ့ထမင်းဖြူပေါ် လောင်းချလိုက်ပါ။
- ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။
ဘိတ်ချဉ်
- ရှာလကာရည်
- အချိုမှုန့်,ငံပြာရည်
- ကြက်သွန်ဖြူ,ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ။
- ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး လိုမှထပ်ထည့်ပါ။
- အချို့ကတော့ ပဲပြား,ခရမ်းချဉ်သီး,ငရုတ်ပွထည့်ပါတယ်။
ထမင်းပေါင်းကို ပူတုန်းစားရပါတယ် အေးသွားရင် အရည်ကြဲသွားတတ်ပါတယ်။
No comments:
Post a Comment