အခုပေါင်းထားတဲ့ ပေါင်မုန့်လေးကို မန်ထိုလို့လည်းခေါ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ နာမည်ကြီးပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းက ဆန်ထက်စာရင် ဂျုံထွက်ရှိမှုက ပိုများတာကြောင့် မန်ထိုပေါက်စီကို အမြဲတမ်း အစားအစာအနေနဲ့ စားသုံးကြပါတယ်။ ဖြူဖွေးတဲ့ ဂျုံနဲ့လုပ်ထားတဲ့ မန်ထိုပေါက်စီတွေက တရုတ်ပြည်မှာ အရမ်းကို ဈေးကြီးတဲ့ ပေါက်စီဖြစ်လာပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းမှာ မန်ထို၊ ဂျုံခေါက်ဆွဲနဲ့ Bing ဆိုတဲ့ ပေါင်မုန့်ကို နေ့စဉ်စားသုံးကြပါတယ်။
ပါဝင်ပစ္စည်းများ
- ပေါက်စီဂျုံ – ၂၀၀ ဂရမ်
- တဆေး (Yeast) – ၃ ဂရမ်
- သကြား – ၃၀ ဂရမ်
- ရေ – ၁၀၀ ဂရမ်
- ဆား – အနည်းငယ်
- အစေ့အဆန်များ – လက်တစ်ဆုပ်စာ
ပြုလုပ်နည်းအဆင့်ဆင့်
- ပါဝင်ပစ္စည်းများအားလုံးကို ရောပြီး သမအောင်နယ်ပါ။ ဂျုံသားကို ဖြည်းဖြည်းချင်း ဆွဲကြည့်လိုက်လို့ ပြတ်မထွက်တော့ဘူးဆိုလျှင် အစေ့အဆန်များကို သေးသေးလေးတွေဖြစ်အောင် ကြိတ်ပြီး ရောနယ်ပါ။ ဂျုံသားကို ၁ နာရီခန့် အပွခံပါ။
- ဂျုံသား (၂ ဆ) ပွလာပြီဆိုလျှင် ဖိပြီး လေထုတ်ပါ။ ဂျုံသားကို ထူထူရှည်ရှည်လေးဖြစ်အောင် လှိမ့်ပြီး ဓားနဲ့ဖြတ်ပေးပါ။ ဂျုံသားကို ထပ်ပြီး အပွခံပါ။
- ပေါင်မုန့်လုံးလေးတွေကို ပေါင်းတဲ့အိုးထဲမှာ မိနစ်၂၀-၂၅ မိနစ် ခန့်ကြာအောင် ထည့်ပေါင်းပါ။ အကယ်၍ ပေါင်းသည့်အိုးမရှိလျှင် အောက်က ရေနွေးအိုးတည်ပြီး အပေါ်က ဆန်ခါတင်ပါ။ ၎င်းအပေါ်ကနေ
- ထည့်ပေါင်းပေးလို့ ရပါပြီ။ မုန့်သားတွေ ကပ်မသွားအောင် ဆုမြတ်က ပန်းကန်ပေါ် ဂျုံဖြူးပြီး ပေါင်မုန့်တင်ပြီး ပေါင်းပါတယ်။ ပေါင်မုန့်အောက်ကနေ စက္ကူကပ်ပြီး ပေါင်းပေးလည်း ရပါတယ်။ မပေါင်းခင် ဂျုံသားတွေကို စီတဲ့အခါမှာ နည်းနည်းခွာပြီး ပေါင်းပေးပါ။ ဂျုံသားတွေ ပွလာပြီး ကျပ်သွားမှာစိုးလို့ပါ။
No comments:
Post a Comment