မှိုချဥ်စပ်ဟင်း

 

မှိုဟင်းကြိုက်နှစ်သက်သူများအတွက်‌ ရေပျစ်ချဉ်စပ်ချက်

ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်ငြုပ်သီး အမှည့်စိုလေးရယ် (သို့) အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပြီး ဆီနည်းနည်းထည့် ဆီသတ်ပြီး မှိုထည့်ပါ။

ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါသဘာဝမှိုဆိုရင်တော့ ရေထည့်ပြီး       ကြာကြာလေးချက်  ပါ။

မှိုအဆိပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါချက်နိုင်ပါတယ်။ကျက်သည့်အခါ ပင်စိမ်းရွက်အုပ်ပါ မှိုနဲ့ပင်စိမ်းဆိုတာ အလိုက်ဘက်ဆုံးပါ။

ပင်စိမ်းအုပ်၊ ရေမပျစ်မကျဲမှာမီးပိတ်အိုးချ သုံးဆောင်  နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard