ဆီထမင်း


ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် (နို့ဆီဗူး ၁ ဗူး)
  • ရေနွေး (နို့ဆီဗူး ၁ ဗူး)
  • ကြက်သွန်နီ ၂ လုံး
  • ဆား /နနွင်းမှုန့် (အနည်းငယ်)
  • ဆီ ဇွန်း (၄ ဇွန်း)

တွဲဘက်စားသုံးရန်

  • အာဗြဲခြောက်ဖုတ် ဆီစိမ်
  • နှမ်းထောင်း
  • ပဲပြုတ်

ဆီတိုဟူးမုန်ညှင်းချဉ်ဘယ်လိုလုပ်လဲကြည့်လိုက်ရအောင်

  1. ကောက်ညှင်းကို ည ထဲကရေစိမ်ပြီး မနက်ချက်ခါနီး ရေစစ်ထားပါ။
  2. ဆီထည့်ပြီး ကြက်သွန်နီကို အညိုရောင်သန်းအောင်ကြော်ပြီး ခွက်တစ်ခုထဲထည့်ပါ။
  3. နနွင်းမှုန်.ထည့်ပါ။ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့်လှော်ပါ။
  4. ဆားထည့်ပါ။ ကောက်ညှင်းဆန်များ မာလာတဲ့အထိ လှော်ပေးပါ။
  5. မာလာပြီဆိုရင် ရေနွေးတစ်ခွက်ထည့်ပြီး မွှေပေးပါ။ ရေခန်းလျှင် အဖုံးအုပ်ပြီး မီးနည်းနည်းဖြင့်တည်ပါ။
  6. ၅ မိနစ်ခန့်ကြာလျှင် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပေးပြီး အဖုံးပြန်အုပ်ပါ။ ဒီပုံစံနှင့် ၅ မိနစ် ခြားတစ်ခါ လှန်ပေးပါ။
  7. ကောက်ညှင်းဆန်အပျော့အမာ စမ်းကြည့်ပါ။မာနေသေးရင် ရေနည်းနည်းထည့်ပေးပါ။
  8. ကောက်ညှင်းဆန်များ ပျော့စီးလာပြီဆိုရင် ရပါပြီ။ ဂျိုးကြိုက်ရင် အိုးကပ်အောင် မီးပြင်းထပ်တည်ပေးပါ။
  9. ကဲ ဒါဆိုရင်တော့ ဆီထမင်းလေးရပြီဖြစ်ပါတယ်
  10. ဆီထမင်းရပြီဆိုရင်တော့
  11. ပဲပြုတ်လေးဖြူး
  12. အာဗြဲခြောက်/နှမ်းထောင်းလေးနဲ့ တွဲဖက်စားသုံးလို့ရပြီဖြစ်ပါတယ်။

No comments:

Post a Comment

@templatesyard