ဖက်ထုပ်ဆီချက်


ဆီချက်လုပ်စာတဲ့အခါ တပွဲစာ အတွက်ဘဲ လုပ်မှ ကောင်းပါတယ်..။ ဝက်နံရိုးပြုတ်ရည်/ အရိုးပြုတ် အချိုရည် အဆင်သင့်ရှိရနေပါတယ်။ ပန်းကန်လုံးတခုထဲမှာကြက်သွန်ဖြူ ကြော် ဆီချက် ၁ စားပွဲဇွန်း တို့ကို ထည့်မွှေပေး ပီး ဖက်ထုတ်ပြုတ်နဲ့ ခေါက်ဆွဲပေါ် ဆမ်းချပေးလိုက်တာဘဲ..။ ငရုပ်ကောင်းမှုန့် နဲနဲ ဖြူး၊ကြက်သွန်မြိတ်နဲ့ ကြက် သွန်ဖြူ ကြော်လေး ဖြူးပီး သုံးဆောင်ပါ..။

ပါဝင်ပစ္စည်းများ

  • အရိုးပြုတ်ရည် ၂ စားပွဲဇွန်း
  • သကြား ၁/၄ လက်ဘက်ရည်ဇွန်း
  • ဆား သင့်ရုံ
  • ပဲငံပြာရည် အကျဲ ၁ လက်ဘက်ရည်ဇွန်း
  • အချိုမှုန့် သင့်ရုံ

ဖက်ထုပ်အစာအတွက်

  • ဝက်သား အဆီ အနည်းငယ်ပါ ၁၆၀ ဂရမ် ( နုတ်နုတ်စင်း /ကြိတ်ထားပါ)
  • ကြက်သွန်ဖြူ ၁မွှာ (ဒါးပြား ရိုက်ပီး နုတ်နုတ် စင်းထားပါ)
  • ပဲငံပြာရည် အကျဲ ၁ လက်ဘက်ရည်ဇွန်း
  • သကြား ၁ လက်ဘက်ရည်ဇွန်း
  • ဆား သင့်ရုံ
  • ပြောင်းကော်မှုန့် ၁ စားပွဲဇွန်း
  • ငရုပ်ကောင်း အနည်းငယ်
  • ကြက်ဥ သမအောင် ခေါက်ထားတာ တဝက်ထည့်ပါ..
  • ကျူဆိုင်..(ကုဆိုင်) ၅ -၆ ပင်ခန့်..ကြမ်းကြမ်းလေးလှီးထားပါ

ပြုလုပ်နည်း

ဇလုံတခုတွင် ပါဝင်ပစ္စည်း အားလုံးကိုသမအောင်ရောမွှေပေးပီး ရေခဲသေတ္တာတွင် အေးနေအောင် နှပ်ထားပါ။ အေးတဲ့အခါ ဖက်ထုတ်ဖက်ခွံ အလယ်တွင်ထည့် အနားများကို ရေစွတ်ပီး ဖိပိတ်ပါ။ဆူနေသော အရိုးပြုတ်ရည် တွင် ၄-၅ မိနစ်ခန့် ပြုတ်ပါ.. ကျက်သောအခါ အပေါ်သို့ တက်လာကြပါတယ်..၁ မိနစ်ခန့် ဆက်ပြုတ်ပါ။
ကျက်တဲ့အခါ ဆယ်ပီး အပေါ်မှာ ရေးထားပေးတဲ့ ဆော့စ် ဆမ်းပီး၊ ကြက်သွန်မြိတ်၊ အကြွတ်ကြော် ကြက်သွန်ဖြူ ကြော်.၊. ငရုပ်ကောင်းတို့ဖြူးပီးသုံးဆောင်ပါ..။


No comments:

Post a Comment

@templatesyard